အမေရိကန်ပြည်ထောင်စု ငွေကြေးအကြပ်အတည်းက ဗျူဟာ အပြောင်းအလဲကို ဖြစ်စေသည်ဟု အမေရိကန် ကာကွယ်ရေး အတွင်းရေးမှူး လီယွန် ပန်နက်တာက ဗျူဟာများ ပြန်လည်သုံးသပ်သည့် နိဒါန်းတွင် ပြောဆိုသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကို သမ္မတဟောင်း ဂျော့ဘုရှ်က သံတမန်နှင့် စစ်ရေး အရေးယူဆောင်ရွက်များ လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း အာဖဂန်နစ္စတန်နှင့် အီရတ်ရှိ စစ်ပွဲများက အမေရိကန်စစ်တပ်ကို မောပန်းစေသကဲ့သို့ ငွေကြေးရင်းမြစ်ကို ပိုမိုကုန်ကျစေခဲ့ပြီး အီရတ်နှင့် အာဖဂန်မှ စစ်တပ်များ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့သည်။
အရှေ့အလယ်ပိုင်းမှ စစ်တပ်များ ဆုတ်ခွာခြင်းနှင့်အတူ အမေရိကန် စစ်ရေးနည်းဗျူဟာက ကမ္ဘာတ၀န်း အကြမ်းဖက် တိုက်ဖျက်ရေး နည်းဗျူဟာကို အဆုံးသတ်စေခဲ့သည်။
ကြပ်တည်းလာသည့် စီးပွားရေးနှင့် စစ်ရေး အသုံးစရိတ်အကြား မျှတအောင် ၀ါရှင်တန် ကြိုးစားနေမှုကိုလည်း ထင်ဟပ်စေခဲ့ သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်က အမေရိကန် စစ်ရေး အသုံးစရိတ်သည် အဆမတန် မြင့်တက်ခဲ့သည်။ အမေရိကန်၏ စစ်ရေး အသုံးစရိတ်ကြီးမြင့်မှုကလည်းလည်း ဒေါ်လာ ၁၅ ထရီလီယံ အကြွေးတင်နေသည်။
အမေရိကန်၏ ငွေကြေးလိုငွေပြမှုနှင့် အကြွေးပြဿနာသည် လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟုလည်း ပန်နက်တာက ယုံကြည်လျက်ရှိသည်။
လာမည့် ရာစုနှစ်တွင် အမေရိကန်က ဒေါ်လာ ၄၈၉ ဘီလီယံ စစ်ရေး အသုံးစရိတ်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။
အခြေစိုက် မြေပြင်တပ်များကို လျော့ချနေသော်လည်း အရည်းအသွေးများက အနာဂတ် အောင်မြင်မှုများနှင့် ဆိုက်ဘာကို လွမ်းမိုထားနိုင်ခြင်းတို့ကို အလေးအနက်ထားသွားမည်ဖြစ်သည်။
“လျင်မြင်ဖျတ်လတ် ပြောင်းလဲနိုင်ပြီးတော့ ခြိမ်းခြောက်တာတွေအတွက် အသင့်ရှိနေတဲ့ ပထမတန်းစား တပ်ဖြစ်ဖို့ အမေရိကန်က ထိန်းသိမ်းထားရမယ်” ဟု အိုဘားမားက ပြောဆိုခဲ့သည်။
ယခင်က အမေရိကန်က စစ်ပွဲ ၂ ပွဲကို တပြိုင်တည်း တိုက်ခိုက်နိုင်သည့် အရည်အချင်းကို ထိန်းသိမ်းထားခြင်းထက် အဓိက စစ်ပွဲတခုကို တိုက်ခိုက်ပြီး တခြား တခုကို ဟန်တိုင်းနိုင်ရန် ရည်ရွယ်လျက်ရှိသည်။
ဗျူဟာက ပြန်လည်သုံးသပ်မှုက အမေရိကန်၏ ကမ္ဘာပေါ်တွင် တည်ရှိမှုကို ပြန်လည် စဉ်းစားနေသည့် ညွန်းဆိုချက် တခုဖြစ်စေခဲ့သည်။
အမေရိကန်၏ စိန်ခေါ်ချက် ၅ ခုကို ပန်နက်တာက စာရင်းပြုစုခဲ့သည်။ အစွန်းရောက် ၀ါဒ၊ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သည့် လက်နက်၊ အာရှရှိ နိုင်ငံများ ပေါ်ထွန်းလာမှု၊ အရှေ့အလယ်ပိုင်းပြောင်းလဲမှု၊ တခြားတိုင်းပြည်များ၏ တလွဲအသုံးချမှု တို့ဖြစ်သည်။
ယင်းတို့အနက် ပန်နက်တာက အနာဂတ်တွင် အရှေ့အလယ်ပိုင်းနှင့် အာရှ ပစိဖိတ်သည် အမေရိကန်အတွက် ကြီးမားသည့် ခြိမ်းခြောက်စိန်ခေါ်မှုအဖြစ် ယုံကြည်လျက်ရှိသည်။
အမေရိကန်ရှိ လူများစုကလည်း အရှေ့အလယ်ပိုင်းကို အထူးအာရုံစိုက်ခဲ့ပြီး တခြားသောဒေသ အထူးသဖြင့် အာရှကို လစ်လျူရှုခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။
အာရှပစိဖိတ်ရှိ အမေရိကန်တပ်များ တောင့်တင်းမှုကို အိုဘားမားက အလေးထားပြောကြားသွားသည်။ ငွေကြေး လျော့ချမှုသည် အရေးပါသည့် ဒေသနှင့် မသက်ဆိုင်ဟုလည်း ဆိုသည်။
ယင်းမှတ်ချက်များက အမေရိကန် စစ်ရေး အာရုံစူးစိုက်မှုက ရှေ့သို့ တိုးတက်လုပ်ဆောင်နေသည့် လက္ခဏာတရပ်ဖြစ်ပြီး တရုတ်၏ ဒေသတွင်းလွမ်းမိုးမှုကို ချိန်ခွင်ရှာညှိရန် ကြိုးစားခြင်းဖြစ်သည်ကို ညွန်ပြခြင်းဖြစ်သည်။
ဂျော့ဘုရှ် သမ္မတ သက်တမ်းကာလအတွင်း အမေရိကန်က တနိုင်ငံတည်း သို့ မဟာမိတ်များဖြင့် ကြိုက်နှစ်သက်ရာ လုပ်ပိုင်ခွင်ရှိသည်ဟူသော အတွေးအခေါ်ရှိသူများလည်း ရှိနေသည်။
သို့သော်လည်း အိုဘားမားက အမေရိကန်က သူ၏ အဓိက မဟာမိတ်များနှင့် လက်တွဲဆောင်ရွက်မှု တိုးမြင့်သွားရန်နှင့် ကမ္ဘာတွင် အမေရိကန် တည်ရှိမှုကို နည်းအသစ်များ တိုးတက်လုပ်ဆောင်ရန် ဖိအားပေးပြောဆိုခဲ့သည်။
ယခင်အတိတ် ဖြစ်ရပ်များကလည်း အမေရိကန်က တိုင်းပြည်ငယ်များ၏ အုပ်ချုပ်သူများကို ဖြုတ်ချရန်အတွက် တောင့်တင်းမှု အလုံအလောက်ရှိနေသည်ကို သက်သေပြလျက်ရှိသော်လည်း ပစ်မှတ်ထားသည့် တိုင်းပြည်၏ နိုင်ငံရေး တည်ငြိမ်မှု ရရှိရန် အတွက် အားနည်းချက်ရှိနေသည်ဟု ဆိုသည်။
ဝါရှင်တန်၏ လစ်ဗျားမူဝါဒကို ကြည့်ခြင်းအားဖြင့် အမေရိကန်က ရည်းမှန်းချက်ကို ရရှိရန် မဟာမိတ်များ၏ ပူးပေါင်းမှုကို လိုအပ်သည်ဟု ထင်ရှားစွာ ညွန်ပြလျက်ရှိသည်။
အလားတူ အမေရိကန်က နေတိုးကို ဥရောပတွင် ပိုမို ကျယ်ပြန့်သည့် ကဏ္ဍတွင် ပါဝင်ရန်လည်း တောင်းဆိုလိုက်သည်။ လက်တင် အမေရိကနှင့် အာဖရိကတွင် အမေရိကန် တည်ရှိမှုကို နည်းလမ်းအသစ် အသုံးပြု စီစဉ်ခြင်းလည်း ဖြစ်သည်။
ဗျူဟာအပြောင်းအလဲများနှင့်အတူ ကာကွယ်ရေး အစီအစဉ်သစ်က ကမ္ဘာပေါ်တွင် အတောင့်တင်းဆုံးစစ်တပ်ဟူသော ဂုဏ်ပုဒ်ကို ထိခိုက်မည်မဟုတ်ချေ။
အမေရိကန်၏ ရည်ရွယ်ချက်ဖြစ်သော ကမ္ဘာထိပ်တန်းနေရာကို ထိန်းသိမ်းထားခြင်းဟူသော ထုတ်ဖော်ပြောဆိုချက် တခုလည်း ဖြစ်သည်။