Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး လည်ပတ်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဧည့်သည်တော် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်မစ္စတာဂျွန်ကီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်သို့ မော်တော်ယာဉ် များဖြင့်  ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီးတို့သည် အလေးပြုခံစင်မြင့်သို့ သွားရောက်ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက နယူးဇီလန်နိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်က ၎င်းနှင့်အတူ လိုက်ပါလာသည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်နှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးရဲထွဋ်၊ ဒေါက်တာပွင့်ဆန်းနှင့် ဦးဆက်အောင်တို့အား နယူးဇီလန် ဝန်ကြီးချုပ်နှင့်  ပြန်လည် မိတ်ဆက်ပေးသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်