Subscribe to our RSS Feed

ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ဂျပန်နိုင်ငံမှ ယန်း ၁၀ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခဲ့

From : MRTV4


ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မန္တလေးတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ဒုက္ခရောက် နေတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေ အတွက် ဂျပန်နိုင်ငံ အစိုးရနဲ့ ဂျပန်နိုင်ငံ ပြည်သူများမှ ယန်း ၁၀ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများကို နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန် လေဆိပ်မှာ လာရောက် လှူဒါန်းခဲ့ ပါတယ်။ လှူဒါန်းမှု မှာတော့ ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်တဲ့ စောင်အထည် ၈၀၀ ၊ မွေ့ယာ အခု ၆၀၀ ၊ မီးစက်အလုံး ၄၀ နဲ့ တာပေါ်လင် အခင်း ၄၀ တို့ကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ထောက်ပံ့ရေး ပစ္စည်းများကို ဂျပန်နိုင်ငံမှ တာဝန်ရှိ သူများက လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသို့ လှူဒါန်း ခဲ့တာဖြစ်ပြီး အဆိုပါ ပစ္စည်းများကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ငလျင် ဒဏ်ခံရတဲ့ ဒေသများသို့ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တစ်ဆင့် ပို့ဆောင် သွားမှာ ဖြစ်ပါတယ်။ ယခုလို ငလျင်ဒဏ်သင့် ခံစားရတဲ့ ပြည်သူများ အတွက် ထောက်ပံရေး ပစ္စည်းများ နိုင်ငံခြားမှ လာရောက် လှူဒါန်းမှုမှာ ယခုအကြိမ်ဟာ ပထမဦးဆုံး အကြိမ် ဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် ယခု နိုဝင်ဘာလ ၂၃ ရက်နဲ့ ၂၅ ရက် ကြားမှာလည်း လူသားချင်း စာနာကူညီမှု ဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံးမှ ယာယီတဲ ၂၅၀ နဲ့  တာပေါ်လင်လိတ် ၇၀ တို့ကိုလည်း လာရောက် လှူဒါန်းဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူး ရုံးမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ အထိ အလှူရှင်များက လှူဒါန်းထားမှုမှာ  ငွေကျပ် ၆၂ သိန်း ၃ သောင်း ၂ ထောင်နဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀ ရရှိထား တယ်လို့ သိရပါတယ်။

ယခုပြုလုပ်ခဲ့တဲ့ လှူဒါန်းမှု အခမ်းအနား ကိုတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံ အမတ်ကြီးနဲ့ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊  JICA ကိုယ်စားလှယ်များနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။ 


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်