Subscribe to our RSS Feed

ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုပါ တစ်ပြိုင်နက် ပြုလုပ်ရန် လိုအပ်

From : MRTV4

အရှေ့အာရှ အက်ဆစ် ဖြစ်ထွန်းမှု ကွန်ယက် အဖွဲ့ဝင် နိုင်ငံများရဲ့ ၁၂ ကြိမ်မြောက် သိပ္ပံအကြံပြု ကော်မတီ အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာတာ နဲ့အမျှ ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေကိုပါ တစ်ပြိုင်နက် ပြုလုပ် ဆောင်ရွက်ဖို့ လိုအပ် တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ စက်မှုဇုန်တွေ မှလည်း ကာဗွန် ထုတ်လုပ်မှု တွေကို လျှော့ချခြင်းနဲ့ စက်မှုလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် ပါက ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေကိုပါ တစ်ပြိုင်နက် ပြုလုပ် ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

လက်ရှိ အချိန် မှာတော့ ဖွံ့ဖြိုးမှုများတဲ့ နိုင်ငံတွေမှာ စွန့်ပစ်ပစ္စည်းတွေ ပေါများလာပြီး အက်ဆစ် ဖြစ်ထွန်းမှုတွေ အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ အခုလို အက်ဆစ် ဖြစ်ထွန်းမှုကို တိုင်းတာရာ မှာတော့ မိုးဦးစမှာ ရွာတဲ့ မိုးရေတွေကို တိုင်းတာပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ အဆိုပါ မိုးရေဟာ Ph 5 မှ Ph8 အထိရှိရင်တော့ ပုံမှန်မိုးရေလို့ သတ်မှတ် ထားပြီး ph5 ထက်နည်းတဲ့ မိုးရေတွေ ကိုတော့ အက်ဆစ် ဓာတ်ပါဝင်ပြီး မကောင်းတဲ့ မိုးရေအဖြစ် သတ်မှတ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုင်းတာမှု အရ ပြည်တွင်းက မိုးရေတွေကို တိုင်းတာရာမှာ နှစ်စဉ် ph 6 မှ ph7 အကြားရှိတဲ့ အတွက် ပုံမှန်မိုးရေ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို တိုင်းတာမှု မှာတော့ ယခုနှစ် အတွင်း ရန်ကုန်မြို့ မိုးရေချိန် တိုင်းတာမှု တွေဟာ နိုဝင်ဘာလ အထိ အကြိမ် ၁၃၀ ၀န်းကျင် တိုင်းတာခဲ့ပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်