Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတ နိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး

နေပြည်တော်  နိုဝင်ဘာ  ၂ဝ
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလို ဘန်ဘန်း ယူဒိုရိုနိုအား ယနေ့နံနက်(၁ဝ)နာရီမိနစ်(၄ဝ)တွင် ဖနောင်ပင်မြို့ရှိ Peace   Palace  စတုတ္ထထပ်ရှိ  Call  Room   ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့်အတူနိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံရေး၊ ဥပဒေနှင့်လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။


 Myanmar Express 

1 comments:

All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .

He should only use illegal Bangalis instead Rohingya word. OIC support Obama. So All Myanmar people must protest Obama about his Rohingya word in Yangon University.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်