Subscribe to our RSS Feed

ပြည်သူ များကို သွေးထိုး ပေးနေသော မီဒီယာများ သတိထား(ပေးစာ - ၂၁၉)

From : G Tone Mmhu


 အခု စလောင်းလေးဖွင့်ပြီး မြန်မာပြည်ကလွှင့်တဲ့ မြ၀တီလိုင်းကို ဖမ်းကြည့်နေတာဗျာ..လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတွေလွှင့်သွားတယ်...အရမ်းအရမ်း ကောင်းပါတယ်.. အဲ့ထဲမှာ စစ်တပ်ဖက်က အရာရှိတယောက်တင်ပြသွားပါတယ်.. လက်ပံတောင်းကြေးနီစီမံကိန်းဆန္ဒပြနေတဲ့သတင်းပါ.. အဲ့ဒီဆန္ဒပြတဲ့သတင်းတွေကို DVB , BBC , Irrawaddy သတင်းဆိုဒ်နဲ့ရေဒီယိုမှာမကြာခဏလာနေပါတယ်..တကယ်တော့ အဲ့ဒါတွေဟာမီဒီယာလုပ်ကွက်တွေဆိုတာကျွန်တော်သိလိုက်ရပါတယ်..

တိုင်းပြည်ပျက်အောင် လုပ်နေကြတဲ့လုပ်ကွက်စစ်စစ်တွေပါ..တောင်သူတွေကိုမီဒီယာသမားတွေက ဓါတ်ပုံမရိုက်ခင် ငိုခိုင်းတယ်..ဘယ်လိုအော်ရမယ်ဆိုတာသင်ပေးတယ်..အဲ့ဒီပုံတွေကို အစိုးရဖက်ကို သတင်းပေးတယောက်ကနေတဆင့်ရခဲ့တယ်ထင်ပါရဲ့.. မီဒီယာတွေက ငိုဖို့သင်ပေးနေတဲ့ ပုံတချို့နဲ့..ဓါတ်ပုံရိုက်နေတဲ့အချိန်မှာရယ်နေတဲ့ ဆန္ဒပြတောင်သူတွေပုံတွေပါပါတယ်..အဲ့ပုံတွေကို projector နဲ့လွှတ်တော်မှာတင်ပြသွားပါတယ်..

အဲ့မှာ လွှတ်တော်အမတ်စစ်ဗိုလ်ကထပ်ရှင်းသွားပါသေးတယ်..သူတို့ကြေးနီစီမံကိန်းက တလကို သန်း ၂၀၀ အကုန်ကျခံပြီးနိင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ရတာပါတဲ့..အခု ဘုန်းကြီးအယောက် ၄၀ နဲ့ ရွာသားအယောက်၄၀၀ခန့် က စီမံကိန်းထဲမှာ လာနေနေကြတော့ အလုပ်ဆက်လုပ်လို့မရပဲ တိုင်းပြည်ငွေကြေးတွေဆုံးရှုံးနေရပါတယ်..အဲ့ဒီဘုန်းကြီးတွေကလဲ ဘယ်သူက ပိုက်ဆံ ဘယ်လောက်ပေးလို့ ဘုမသိဘမသိ ပညာမတတ်ပဲနဲ့ တိုင်းပြည်စီးပွားကို ဖျက်စီးနေတယ်မသိ..ဘုန်းကြီးအစစ်တောင်ဟုတ်ရဲ့လားမသိပါဘူးဗျာ..ဒီလိုသာမီဒီယာ လုပ်ကွက်တွေ ကြားမှာပြည်သူတွေကပါ ရောယောင်ပြီး အစိုးရဘာလုပ်လုပ်ဆန့်ကျင်နေမယ်ဆိုရင် တိုင်းပြည်ပျက်စီးဖို့လမ်းရောက်သွားပါမယ်..ကြေးနီစီမံကိန်းကနေပြည်သူတွေဘာအကျိုးအမြတ်ရလဲလို့

မေးအုံးမလို့လား? အခု အစိုးရက မွေးကင်းစကလေးတွေ ၅မျိုးပါ ကာကွယ်ဆေးထိုးပေးတော့မှာပါ..အဲ့ဒီဆေးကအပြင်မှာထိုးရင် ၁သောင်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်..အဲ့ဒီဆေးတွေကိုလဲ သန်းရာချီအကုန်ကျခံပြီး တတိုင်းပြည်လုံးထိုးပေးမှာပါ..

.ကဲ..အဲ့ဒါပြည်သူတွေအကျိုးအမြတ်မဟုတ်ပေဘူးလား..အစိုးရဘာလုပ်လုပ် ဆန္ဒပြနေမှတော့ တိုင်းပြည် တိုးတက်ရေးမှာ အနှောက်အယှက်များစွာဖြစ်နေပါတယ်..ဒီနေ့ပဲ သတင်းတခု ထပ်ဖတ်လိုက်ရပြန်တယ်..တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကို စစ်ကိုင်းကိုပြောင်းတာ ဆန္ဒပြနေပါတယ်တဲ့..အဟတ်..တော်တော်ရီချင်သွားတယ်..ကျွန်တော့ ဦးလေးအဲ့ ကျောင်းမှာ ကျောင်းဆရာပါ..ဘုရားစူးပါဗျာ ကျနော်နိုင်ငံခြားမထွက်ခင်ထိ ကျွန်တော့ဦးလေး စာသွားသင်ဖို့နေနေသာသာ အဲ့ကျောင်းက ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်းပေါင်းပြီးအလေလိုက်နေတာပါ..

ကျွန်တော့ဦးလေးတင်မဟုတ်ပါဘူး..ကျန်တဲ့ ၉၉%ဆရာတွေလဲဒီတိုင်းပါပဲ. စာမေးပွဲနီးရင် မေးခွန်းတောင်းတယ်..ကျောင်းတတ်ချိန်မှာ စာသင်လို့မရအောင်ကို ဆူညံပြီး အထိန်းအကွပ်မရှိတဲ့ နွားခြံလိုကိုဖြစ်နေတယ်လို့ ခဏခဏပြောပါတယ်..အခု ကျောင်းပြောင်းမယ်လဲလုပ်ရော တခါမှ ကျောင်းတောင်ရောက်ခဲ့ဘူးလား မသိတဲ့ကောင်တွေက ဆန္ဒပြ ကြပါတယ်..တကယ်တော့ အစိုးရက နေရာရွှေ့ပြီး သူတို့အခု ကျောင်းနေရာမှာ စီမံကိန်းတခုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်..ကျောင်းမတတ်တဲ့ကောင်တွေကို နေရာပြောင်းပြီး ကို့တိုင်းပြည်တိုးတက်ရေးအတွက် လုပ်တာ ကျေကျေနပ်နပ်ပြောင်းပေးရမှာပေါ့ဗျာ..အခုဟာက...xxx ပြောရင်ကုန်လိမ့်မယ်မထင်...

.နောက်ဆုံးပြောချင်တာက ကျနော်တို့အားလုံးဟာပညာတတ်တွေကြည့်ပါပဲ.. ချင့်ချိန်ပြီးယုံကြပါ.မီဒီယာတွေလှည့်သမျှခံပြီး တိုင်းပြည်မပျက်ဖို့ကျွန်တော်တို့ဖက်က ကာကွယ်သွားဖို့တာဝန်ရှိပါတယ်။

  Myanmar Express 

9 comments:

ထားဝယ်voice news.မှ ကြက်ခြေနီလူထွက် ပြောင်ပြောင် တင့်လွင် လည်း ထားဝယ် သတင်းတွေ လုပကြံ လုပ်စားနေတာ ဘိုက်ပူ ကျော်သောင်းဟလည်းပါသေးတယ် ထားဝယ်သားများ ထားဝယ် news ကို ချင့်ယုံပါ

မှန်လိုက်လေဗျာ ဒီတချို့မီဒီယာတွေကြောင့်ကျုပ်တို့နိုင်ငံ ကမ္ဘာ့အလည်မှာနာမည်ပျက်ရတာ လွတ်လပ်ခွင့်လေးပေး လိုက်တာနဲ့ခြံထဲကနွားတွေလွတ်လာတဲ့အတိုင်းတွေ့ရာမြင်ရာ ဝင်ခွေ့ကြတော့တာဘဲ ဒီမိုကရေစီဆိုတာဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ ဟာကြီးလားဟင် တားတားကိုရှင်းပြပါအုံး အုဝဲ,..ဝဲအု,...

သူတို့ကငိုခိုင်းတယ်ပေါ့။။။။။။တချို့ဆိုဒ်တွေကပြောင်းပြန်ကွ

မိ ဒီ ယာ တွေ ရဲ. အ တွင်း သ ရုပ် က တော. တ နေ. တခြား သိ လာ ပါ ပြီ။
သူ တို. ထင် နေ တာ က စာ ဖတ် တဲ. သူ တွေ က သူ တို. ရေး တဲ. အ တိုင်း အ ကြွင်း မဲ. ယုံ ကြ မယ် လို.ထင် နေ ကြ တာ ကိုး။
အာ လုံး ဟာ စသ်း စား ညာဏ် ရှိ တဲ. သူ တွေ ပါ။
မီ ဒီ ယာ တွေ ကိုယ်. ကို ကိုယ် သိတ် ဟုတ် နေ ပြီ လို. ထင် နေ ရင် တ နေ. ကျ ဆုံး မှာ ဘဲ။ မှန် မှန် ကန် ကန် နဲ. ဘက် မ လိုက် တဲ. မီ ဒီ ယာ က တော. ၊ စာ ဖတ် သူ တွေ ရဲ. ဆက် လက် အား ပေး ခံ ရ မှာ ပါ။ စောင်. ကြည်. ပါ။

ဂွင်ဆင်ပြီး လုပ်စားနေကြတဲ့ NLDအတု ၈၈အတု ဘုန်းကြီးအတု မီဒီယာအတု တွေကကအများသား အတုတွေကို လက်မခံကြဘို့ပြောချင်ပါတယ် သူတို့ရဲ့ ထိုးနှက်ချက်က တိုင်းပြည်ဖျက်ဘို့သာဖြစ်ကြောင်း သတိပေး တာကိုကျေးဇူးတင်ပါတယ်။

အဲဒီလို အတွင်းရေးတွေဖေါ်လိုက်တော့ ရှက်စရာပါဗျာ ကျုပ်တို့အဝေးကပြည်သူတွေက အဟုတ်မှတ်နေတာဗျ လက်ပတောင်းကအဖွဲ့ကအတော်သရုပ်ဆောင်ကောင်းသ ကိုး ရုပ်ရှင်ထဲဝင်လုပ်ရင် အကယ်ဒမီရလောက်ပါတယ် ဘုန်းကြီးတွေကရော ဒုန်တွေဖြစ်နေလားမှမသိတာ နောက်ဆို မယုံတော့ဘူးဗျို့ မီဒီယာလိမ် တွေတွေ့ရင် ဝေးဝေးကရှောင်မှ

အဲဒီလို အတွင်းရေးတွေဖေါ်လိုက်တော့ ရှက်စရာပါဗျာ ကျုပ်တို့အဝေးကပြည်သူတွေက အဟုတ်မှတ်နေတာဗျ လက်ပတောင်းကအဖွဲ့ကအတော်သရုပ်ဆောင်ကောင်းသ ကိုး ရုပ်ရှင်ထဲဝင်လုပ်ရင် အကယ်ဒမီရလောက်ပါတယ် ဘုန်းကြီးတွေကရော ဒုန်တွေဖြစ်နေလားမှမသိတာ နောက်ဆို မယုံတော့ဘူးဗျို့ မီဒီယာလိမ် တွေတွေ့ရင် ဝေးဝေးကရှောင်မှ


ဘုန်းကြီးအစစ်အတုဘယ်လိုခွဲရမှန်းတောင်မသိဖြစ်ပြီ။စစ်ဘိနပ်နဲ့ကန်လို့ခေါင်းကွဲရင်အစစ်ကွ။ံ့

ထားဝယ် အောင်စာပေ ကလည်း သတင်းအုတတွေရောင်းစားနေတယ် အေးမင်းကျူရှင် ဆရာလည်း သတင်းအတုတွေလုပ်ကြံတင်တယ်ဟ မုညစ်ဖု မိုချစ်ဟုကလားအောင်သူ တွေလည်း ကွန်ပျူတာဆိုင်ဖွင့် ပြီး 88 သတငါးအတု nld.သတင်းအတုတွေုလ်ပကြံပြီး ထားဝယ်မှာဝါဒ ဖြန့် နေတယ် ထားဝယ်သားတွေ သတိထားကြပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်