Subscribe to our RSS Feed

အိုဘားမား နှင့် မြန်မာ ဆက်ဆံရေးသည် ရန်ကုန်အဆင့်သာ ရှိသေးပြီး နေပြည်တော် အဆင့် မရှိသဖြင့် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုမရှိ


အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု များစွာမရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ဒေသတွင်းနိုင်ငံများ၏ အလည်အပတ်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် စီစဉ်ထားခဲ့သော အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အား ခြိမ်းခြောက်မှုတစ်ရပ်ဟု တရုတ်အစိုးရက ရှုမြင်ခြင်းမရှိကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဖူယင်းက နိုဝင်ဘာ ၁၇ ရက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

"အမေရိကန်ဟာ တရုတ်နိုင်ငံကို ခြိမ်းခြောက်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ကို ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ဖို့ မရည်ရွယ်ပါဘူး"ဟု မစ္စက်ဖူယင်းကပြောသည်။

ရှေ့လာမည့်အပတ်အတွင်း အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံအဖွဲ့ခေါင်းဆောင်များ ဖနွမ်းပင်မြို့၌ စုဝေးချိန်တွင်လည်း မစ္စတာအိုဘားမားသည် မစ္စတာဝမ်ကြားပေါင်နှင့် တွေ့ဆုံမည်လားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း မစ္စက်ဖူယင်းက ပြောကြားသည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံပေါင်းများစွာမှ ခေါင်းဆောင်အများအပြား တက်ရောက်မည်ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးချင်းစီတိုင်းနှင့် နှစ်ဖက်တွေ့ဆုံမှု မရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
Myanmar Express 

1 comments:

မကြောက်ပါနဲ. တရုပ် အစုတ်ပလုပ်တွေရယ်
သက်သက်အလည်လာတာပါ ခြိမ်းခြောက်တယ်ဆိုတာ ဘယ်လိုပုံနဲ.
လာတာမျိုးကို အဓိပ္ပါယ်သတ်မှတ်ချင်တာလဲ မသိ ။
တရုပ်ဆို မုန်းတီးလွန်းလို.ပါ ။
ပြည်ပ တရုပ် များကို ဆိုလိုပါသည် ။

SV

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်