Subscribe to our RSS Feed

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်း ဘုရားကြီး (၁၈) ကြိမ်မြောက် ဆီမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောက ဥသျှောင် ရွှေသာလျောင်း ဘုရားကြီး (၁၈) ကြိမ်မြောက် ဆီးမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲ အခမ်းအနားအား အဆိုပါ ဘုရားကြီး၌ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ ည (၈) နာရီအချိန် တွင် ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမြအေး၊ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
  ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး (၁၈) ကြိမ်မြောက် ဆီမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးမှ ဆီမီးထွန်းညှိပူဇော်စဉ်
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးက ဗဟို ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး (၁၈) ကြိမ်မြောက် ဆီမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲကျင်းပစဉ်
ဆက်လက်၍ ဗဟိုဆီမီးတိုင်ကိုလည်း စက်ခလုပ်နှိပ် ထွန်းညှိပေးပြီး တက်ရောက်လာသူများ၊ ဧည့်ပရိသတ်များက ဆီးမီး (၈၄၀၀၀) အား ထွန်းညှိ ပူဇော်သည်။
ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး (၁၈) ကြိမ်မြောက် ဆီမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲကျင်းပစဉ်
နတ်မှော်တိလောက ဥသျှောင်ရွှေသာလျောင်း ဘုရားကြီး ဆီမီးပူဇော်ပွဲသို့ ပတ်ဝန်းကျင် ကျေးရွာများနှင့် ဟင်္သာတမြို့ပေါ်မှ အင်အား (၅၀၀၀) ကျော် တက်ရောက်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။
ဟင်္သာတမြို့နယ်၊ နတ်မှော်တိလောကဥသျှောင် ရွှေသာလျောင်းဘုရားကြီး (၁၈) ကြိမ်မြောက် ဆီမီး (၈၄၀၀၀) ထွန်းညှိပူဇော်ပွဲကျင်းပစဉ်
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်