Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း နော်ဝေနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၃

ပြည်ထောင်စုတမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် နော်ဝေနိုင်ငံဝန်ကြီးချုပ် H.E. Mr. Jens Stoltenberg နှင့်ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ည ၈ နာရီ ၄၅ မိနစ်တွင် နိုငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Mr. Katja Nordgaard နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မြန်မာ့ယဉ်ကျေးမှုအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်