From :သမ္မတရုံး
Myanmar Express




နေပြည်တော် နိုဝင်ဘာ ၎
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်
သမ္မတနိုင်ငံတွင် ကျင်းပမည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲ
(အေဆမ်) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ယနေ့ နံနက် (၁၀) နာရီတွင်
လေကြောင်းခရီးဖြင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့
ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဒုတိယသမ္မတများ
ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊
ဦးမြင့်လှိုင်၊ ဦးသိန်းထွန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဦးတင့်ဆန်း၊
ဒေါက်တာမြအေးနှင့် ဒေါက်တာ ကိုကိုဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊
မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.
Vongpano Sipaseuth တို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
1 comments:
အကောင်းဆုံး တွေ ကို ဘဲ ကြိး စား ပေး ခဲ့ ပါ ဦး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်