Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံ ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲသို့ တက်ရောက်

From : သမ္မတရုံး



နေပြည်တော်  နိုဝင်ဘာ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ ဒေသစံတော် ချိန် မွန်းလွဲ (၂)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace   Palace တတိယထပ် Chanpa Room  ၌ ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ နှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲသို့ တက်ရောက်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ နှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အိမ်ရှင် ကမ္ဘောဒီးယားဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံစီးပွားရေး အကြံပေး ကောင်စီ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

အာဆီယံစီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌက ကောင်စီ၏ လုပ်ဆောင်ချက်များနှင့် အကြံပြုတင်ပြချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းသို့တင်ပြရာ တွင် ကောင်စီအနေဖြင့် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှု စစ်တမ်းကို နှစ်စဉ်ပြုလုပ်နေမှု၊ ယင်းစစ်တမ်းအရ  အာဆီယံနိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုနှင့် ယှဉ်ပြိုင်နိုင် မှု စွမ်းအားမှာ ဆက်လက်ခိုင်မာလျက်ရှိနေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။


အာဆီယံနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) များ၏ လုပ်ငန်းစွမ်း ဆောင်ရည်များ၊ ရင်းနှီမြှုပ်နှံမှုအတွက် လိုအပ်သော ငွေကြေးကဏ္ဍနှင့် နည်းပညာများ တိုးတက်လာစေရေးအတွက် နိုင်ငံအစိုးရများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ပိုမိုပူးပေါင်းဆောင် ရွက်ရန်အဆိုပြုပါသည်။

ဆွေးနွေးတင်ပြမှုများအပေါ် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများက အာဆီယံ စီးပွားရေးအကြံပေးကောင်စီများ ထူထောင်ရေးနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏ လုပ်ငန်းများသည် အာဆီယံနိုင်ငံအစိုးရများ၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ မူဝါဒရေးဆွဲမှုနှင့် မူဝါဒ ဆိုင်ရာကြီးကြပ်မှုများတွင် များစွာအရေးပါကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဖြစ်ပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုသည် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် များစွာအရေးပါကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးကြသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်