From : သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌
ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်
ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်
(၁၀) နာရီတွင် နေပြည်တော်မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာ
သွားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့်
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ
ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးကျော်ဆန်း၊
ဦးဥာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဦးအေးမြင့်၊ ဦးဝင်းရှိန်နှင့်
ဦးဇေယျာအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ
ကမ္ဘောဒီးယား နိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mrs. Tout Kunthea တို့က
နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် များအဖြစ် သမ္မတရုံး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော
ဦးဇင်ယော်၊ ဒေါ်စန္ဒာခင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်
ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါကြမည့်
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တို့သည် ကမ္ဘောဒီးယားနိုင်ငံ
ဖနောင်ပင်မြို့၌ ကျင်းပလျက်ရှိသည့် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးများသို့
တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ သို့ ကြိုတင်ထွက်ခွာသွားကြောင်း သိရှိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်