From : သမ္မတရုံး
.
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတဦးသိန်းစိန်သည် ယနေ့နံနက် ၁၀ နာရီတွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ H.E Mr.
Jose’ Manuel Barroso ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်
ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ကြည်၊ ဦးစိုးသိန်းနှင့် ဒေါက်တာကံဇော်၊
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးဆက်အောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဧည့်သည်တော် ဥရောပကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Mr. David Lipman နှင့်
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ ဥရောပသမဂ္ဂအနေဖြင့်
မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်နက်ရှိုင်းသည့် ဆက်ဆံရေးအဆင့်သို့
တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ
ဆောင်ရွက်နေမှုအပေါ် ဥရောပသမဂ္ဂအနေဖြင့် အပြည့်အဝထောက်ခံပြီး နောက်ဆက်တွဲ
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တွင် ပိုမိုထောက်ပံ့ ကူညီသွားရေး၊
စီးပွားရေး ဖွံ့ဖြိုးမှု အသီးအပွင့်များကို မြန်မာပြည်သူများ
အမြန်ဆုံးခံစားနိုင်စေရန်အတွက် ကုန်သွယ်မှု အထူးအခွင့်အရေးပေးသောစနစ်
အမြန်ဆုံးရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဝန်ထမ်းစွမ်းရည် မြင့်မားရေး၊
သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူနေမှုဘဝ မြင့်မားရေး
ကိစ္စရပ်များတွင် ဥရောပသမဂ္ဂမှ ပိုမိုထောက်ပံ့ကူညီပေးရေး၊ မြန်မာနိုင်ငံ၏
ထုတ်ကုန်များကို ဥရောပသမဂ္ဂ၏ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန်အတွက်
အတွေ့အကြုံ၊ နည်းပညာပံ့ပိုးပေးရေးနှင့် သင်တန်းများ
ဖွင့်လှစ်ဆာင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေနိုင်သော
ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်စဉ်များ အမြန်ဆုံး ချုပ်ငြိမ်းစေရေးအတွက်
လိုအပ်သော အကူအညီများ ထောက်ပံ့ပေးရေး၊ ရန်ကုန်မြို့တွင်
ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ဥရောပသမဂ္ဂရုံးတွင် သံအမတ်ကြီးအဆင့်
တိုးမြှင့် ထားရှိရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်တွင်
မှန်ကန်သောဆုံးဖြတ်ချက်နှင့် အနာဂတ်သမိုင်းသစ် ရေးထိုးနေသော မြန်မာ
နိုင်ငံ၏ လုပ်ငန်း စဉ်များအပေါ် ဥရောပသမဂ္ဂက အပြည့်အဝထောက်ခံ အားပေးသွားရေး
ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေး ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်