Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ ဂျီဒီပီ ၆ ဒသမ ၂၅ ရာခိုင်နှုန်း တိုးမည်ဟု IMF ခန့်မှန်း

From : ခေတ်လူငယ်


နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုက်တက်မှုနှုန်း ၆ ဒသမ ၂၅ ရာခိုင်နှုန်းရှိမည်ဟု နိုဝင်ဘာ ၂၁ ရက်တွင် ခန့်မှန်းသည်။ ယင်းမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် သဘာဝသယံဇာတများ၊ ပြည်ပပို့ကုန်ပစ္စည်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု IMF က ပြောကြားသည်။ IMF က ပြုပြင်ပြောင်းလဲမှုများကို ချီးကျူးခဲ့ပြီး မူဝါဒသစ်များသည် မြန်မာနိုင်ငံကို အာရှတိုက်၏ နောင်လာမည့် ကြယ်အဖြစ် ပြောင်းလဲသွားစေနိုင်သည်ဟု ပြောကြားသည်။ မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ခုနှစ် ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၄ ဘီလီယံရှိကြောင်း IMF က ကြေညာသည်။ IMF က ခေတ်မီရေးနှင့် တိုင်းပြည်၏ စီးပွားရေးပွင့်လင်းရန် သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေမှုများအတွက် မြန်မာအစိုးရကို ချီးကျူးခဲ့သည်။ ယင်းလုပ်ဆောင်ချက်များသည် ဆင်းရဲနွမ်းပါးမှု လျော့ကျစေမည့် ခိုင်မာပြီး အားလုံးအကျုံးဝင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင်ပြေချောမွေ့ စေနိုင်သည်ဟု IMF က ပြောသည်။ IMF က မြန်မာနိုင်ငံတွင် ငွေဖောင်းပွမှု ကျဆင်းခဲ့ပြီး လာမည့်နှစ်တွင် ၆ ရာခိုင်နှုန်း ၀န်းကျင်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အရန်ငွေကြေးဒေါ်လာ ၄ ဘီလီယံအထိ တိုးတက်လာခြင်းနှင့်အတူ မကြာမီလာများအတွင်း ငွေလဲလှယ်မှုနှုန်း တည်ငြိမ်လာကြောင်း သိရှိရသည်။
 
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်