Subscribe to our RSS Feed

KIA အဖွဲ့ က ကချင်ဒေသအတွင်းနေထိုင်သည့် ရှမ်းတိုင်းသူနဲ့ အခြားတိုင်းရင်းသူတွေကိုဂျပန်ခေတ်ဆောင်ကြာမြိုင်မျိုး လုပ်နေပြီးလား??

From :ကချင်နေ့စဉ်သတင်း


မြန်မာနိုင်ငံမှာ မြစ်ကြီးလေးသွယ်ရှိသည့်အနက် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား လူမျိုးတွေအားလုံးကို အကျိုးကျေးဇူးများစွာပြုသော မြစ်တစ်စင်းဖြစ်သကဲ့သို့ အဲဒီ ဧရာဝတီမြစ် စတင်မြစ် ဖျားခံ တဲ့ ကချင်ပြည်နယ်ကြီးကလည်း အလွန်လှပတဲ့ ပြည်နယ်တစ်ခုဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး    ရေခဲတွေနဲ့ဖုံးလွမ်း နေတဲ့ တောင်တန်းတွေ၊ သာယာလှပတဲ့နေရာတွေအပြင် အရမ်းကိုရိုးသားဖြူစင်တဲ့ တိုင်းရင်းသားစုပေါင်းနေတဲ့ ကချင်ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ကချင် တိုင်းရင်းသားတွေအပြင် ရှမ်း၊ ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ မွန်နှင့် အခြားသော တိုင်းရင်းသား များလည်း အေးချမ်းစွာစုပေါင်း နေထိုင်ကြပါတယ်။ ကချင်ပြည်နယ်မှာ ကျွန်း၊ ကျောက်စိမ်းနဲ့ အခြား သယံဇာတများစွာ ထွက်တဲ့နေရာဒေသ တစ်ခုလည်း ဖြစ်ပါတယ်။
          ဒါပေမယ့်လဲ အေးချမ်းလှတဲ့ ကချင်ပြည်နယ်ကြီးမှာ ၂၀၁၁ခုနှစ်  ဇွန်လလောက်ကနေစပြီး စစ်မီးများ တစ်ဟုန်းဟုန်းတောက်လောင်ခဲ့ရပါသည်။ ၁၉၉၄ခုနှစ်မှစပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးယူ ထားပြီးကာမှ လူမျိုးကြီးဝါဒဆွဲကိုင်တဲ့ KIO/KIA ခေါင်းဆောင်တစ်ချို့ကြောင့် ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရပါသည်။ ဂျိန်းဖော၊ လချိတ်၊ လ၀မ်နဲ့ လီစူး စတဲ့လူမျိုးစုများ   ပေါင်းစည်းပြီးထားပေမယ့် လက်ရှိ KIA/KIO ကချင်လူမျိုး ခေါင်းဆောင်ကြီး များသည် ကချင်တစ်မျိုးသားလုံးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသော်လည်း ဂျိန်းဖောလူမျိုးစု တစ်ခုတည်း အတွက်သာကြည့်ပြီး ကျန်တဲ့ ကချင်မျိုးနွယ်စုခြင်းတူညီတဲ့ အခြား မျိုးနွယ်စုများကို နှိမ်ကွက် ထားတာကို   တွေ့ရပါတယ်။   တော်လှန်ရေးအတွက် အခွန်တွေကို အဆမတန် ကောက်ခံတဲ့အပြင် လူသစ်များကိုလည်း မတရားစုဆောင်းခံနေရပါတယ်။ လူသစ်စုဆောင်းရာမှာ အမျိုးသားများ အပြင် အမျိုးသမီးများကို ပါအဓမ္မစုဆောင်းခဲ့ကြပါတယ်။
          စုဆောင်းခံရတဲ့အမျိုးသမီးအများစုမှာ ဂျိန်းဖော အမျိုးသမီး မရှိသလောက်ဖြစ်ပြီး အခြားသော ကချင်မျိုးနွယ်စု မိန်းကလေးများနဲ့ ရှမ်း၊ ကယား၊ ဗမာ စတဲ့ လူမျိုးစုအမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြပါသည်။ စစ်တိုက်တဲ့နေရာမှာ မိန်းကလေးတွေကို သူတို့ရဲ့စခန်းတွေမှာ   ခြေဆုတ်လက်နယ် ပြုလုပ်ဖို့ ဖမ်းဆီး ခေါ်ဆောင်သွားကြပါသည်။ တချို့လှပတဲ့မိန်းကလေးတွေကို KIA/KIO ခေါင်းဆောင်ကြီးတွေက သူတို့ရဲ့ သက်တော်စောင့်အဖြစ် (ခြေတော်တင်/ ကိုယ်လုပ်တော်အဖြစ်) အသုံးပြုသလို၊ တရုတ်နိုင်ငံသို့လည်း   ငွေကြေးနဲ့ရောင်းစား   နေတာကို  လည်းသိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကမတွေးဝံ့စရာ ပါဘဲ။ ဖမ်းဆီးခံရတဲ့ မိန်းကလေးအများစုမှာ ရှမ်းမိန်းကလေးငယ် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား မိန်းကလေး များဘဲ ဖြစ်ပါတယ်။
          KIA က တိုက်ပွဲစဖြစ်စမှာ ကချင်လူငယ်လေးတွေကိုသာ တပ်သားသစ်အဖြစ် စုဆောင်းပေမယ့် နောက်ပိုင်းမှာ အခြားတိုင်းရင်းသားတွေကိုပါစုဆောင်းလာခဲ့ပါတယ်။ ဒါပေမယ့် KIA အတွင်းမှာ ကချင်လူမျိုးနဲ့ အခြားတိုင်းရင်းသားတွေကို လူမျိုးရေးခွဲခြားနေမှုတွေကိုလုပ်နေပါတယ်။ ၂၀၁၁နှစ်ကုန်ပိုင်းလောက်ကနေစပြီး မိန်းမငယ်တွေကိုပါ အတင်းအဓမ္မ စုဆောင်းလာကြပါတယ်။ လိုင်ဇာမှာဆိုရင် အမျိုးသမီးကိုယ်ရံတော်တပ်ဖွဲ့ တွေကို ဖွဲ့ပြီး KIA ခေါင်းဆောင်ကြီးတွေရဲ့   ဘေးနားမှာနေပြီး ခြေဆုပ်လက်နယ် အလုပ်အကျွေးပြု ကိုယ်လုပ်တော် လုပ်ပေးနေရပါတယ်။  



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်