Subscribe to our RSS Feed

ကားတင်သွင်းခွင့် ရှိ ဌာဆိုင်ရာ များ နှင့် လုပ်ငန်း နယ်ပယ် အသီးသီး အတွက် ကားစီးရေ ၂၀,၀၀၀ နီးပါးခန့် တင်သွင်း ခွင့်ပြုမည်


ကားတင်သွင်းခွင့် ရှိသည့် ဌာန ဆိုင်ရာများနှင့် လုပ်ငန်းနယ် ပယ်အသီး သီးအတွက် ကားစီးရေ ၂၀,၀၀၀ နီးပါး တင်သွင်းခွင့်ပြုရန် လျာထားကြောင်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။

“ဘယ်မောင်းညာမောင်း ဘယ် ဟာမဆို တင်သွင်းခွင့်ပေးမယ်။ ၁၃၅၀ စီစီအောက် မော်တော်ယာဉ်ကို ကန့် သတ်ချက် မထားဘဲ တင်သွင့်ခွင့် ပေး မယ်” ဟု ကားတင်သွင်းခွင့်နှင့်ပတ် သက်၍ ဦးသန်းအောင်က မီဒီယာ တွေ့ဆုံ ရှင်းလင်းပွဲတွင် အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယာဉ်အိုယာဉ်ဟောင်း ကားလဲ လှယ်ခွင့် စနစ်အရ တင်သွင်းခွင့် ရှိသူ များအနေဖြင့် ၁၃၅၀ စီစီအောက် မော်တော်ယာဉ်များ အား မော်ဒယ် ကန့်သတ် မထားကြောင်း၊ နိုင်ငံခြား ငွေ စာရင်းများဖြစ်သည့် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ၊ ကျောက်မျက် လုပ်ငန်း ရှင်များ၊ ပြည်ပ လုပ်သားများ၊ ဟိုတယ် လုပ်ငန်းရှင်များ အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းရှိ မော်ဒယ် ကားများကို တင်သွင်း ခွင့်ပြုကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် အစားထိုး တင်သွင်းခွင့်ပြု မည့် ပြည်ပမှတင်သွင်းလာသော အင် ဂျင်ပါဝါ ၁၃၅၀ စီစီအောက် မော်တော် ယာဉ်များနှင့် ယာယီမှတ်ပုံတင်ကြေး ကို ကျသင့် သတ်မှတ် တန်ဖိုး၏ ရာခိုင် နှုန်း ၃၀ လျှော့ပေါ့ ကောက်ခံရန် နှင့် earning တစ်သိန်းရှိလျှင် အမေရိ ကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိကား များလည်း တင်သွင်းခွင့် ပေးမည်ဟု ဦး သန်းအောင်က ဆက်ပြောသည်။

တင်သွင်းခွင့်ပြုပြီး လိုင်စင်ချပေး ထားသည့် ကားများမှာ ၈၅ စီး၊ ယာဉ် အိုယာဉ် ဟောင်းလဲလှယ်ခွင့် စနစ်အရ အစီးရေ ၁၇,၀၄၅ စီး၊ လိုက်ထရပ် ၆၁၉ စီး၊ မီနီဘတ် ၂၆၂ စီး စုစုပေါင်း ၁၇၀,၉၆၆ စီးရေ လိုင်စင်ပါမစ် ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနသို့ ဇန်န၀ါရီ ၅ ရက် အထိ လာရောက် အပ်နှံသည့် ယာဉ်အို ယာဉ် ဟောင်းများမှာ လူစီးကား ၂၁,၅၅၉ စီး၊ ကုန်တင်ယာဉ် ၁,၇၄၆ စီး၊ ခရီး သည် တင်ယာဉ် ၁,၀၈၄ စီး စုစုပေါင်း ၂၄၃,၈၉၂ စီးရှိ ကြောင်း သိရသည်။

ထွန်းလင်း၊ ယဉ်ယဉ်လှ

Myanmar Post

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်