ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်ပြည်နယ် အစိုးရ လုံခြုံရေး ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကKNU တို့မှ KNU ရဲ့ တောင်းဆို အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဇန်န၀ါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ ခန့်တွင် ဘားအံမြို့ ဟိုတယ်ဇွဲကပင်တွင် ပြုလုပ်ခဲ့ကြပါတယ်။ "ကျွန်တော်တို့ ညီအကိုတွေ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေခဲ့ကြတာ ၆၃ နှစ်တောင် ရှိပြီလို့ သမ္မတကြီးက ပြောပါတယ်။ KNU လိုချင်တာ ပေးလိုက်ပါလို့ ကျွန်တော်တို့ကို သမ္မတကြီးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အစည်းအဝေး မတိုင်မီမှာ ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကKNU တို့ တောင်းဆိုထားသည့် အောက်ပါ အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆိုပါ တောင်းဆိုချက်(၁၁)ချက်မှာ
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။
၇။ အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာများကိစ္စကို ဖြေရှင်းပေးရန်။
၈။ နှစ်ဘက်စလုံးမှ ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်ရေးနည်းလမ်းများအား အကျိုး ဆောင်ပံ့ပိုးကြရန်။
၉။ စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။
၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။
၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်၊ ဘက်တဖက်အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။
စသည်တို့ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားလုပ်ဆောင်နေခဲ့ပြီး တိုင်းရင်းသား သောင်းကျန်းသူများဆီသို့ ငြိမ်းချမ်းရေးအဖွဲ့တွေ မကြာခဏ စေလွှတ်ခြင်းတွေရှိခဲ့ပြီး သဘောတူမှုတွေလည်း ရရှိခဲ့ပါတယ်။

Myanmar Express
4 comments:
မင်းတို့ကောင်တွေ ဒါတွေရေးပြီးရင် အမေစု အမေစု အမေစုနေကြတဲ့ အမေစုဖင်ကိုမြင်နေရမှ ကျေနပ်နေပါတယ်ဆိုတဲ့ အမေစုချီးမှမွှေးတယ်ထင်ပြီး ဒီမိန်းမကြီးရဲ့ချီးနံ့ကိုထိုင်ရှုချင်နေကြတဲ့ လူကိုကိုးကွယ်သောက်ကျင့်ကြီး အမြစ်ပြုတ်အောင်ရေးစမ်းကွာ
မင်္ဂလာသတင်းပါဘဲခင်ဗျာ...နယ်ချဲ့တွေက သွေးခွဲခဲ့လို့ သွေးချင်းညီအကို
တွေ အချင်းချင်းတိုက်နေ၇ပေ့မဲ့ အားလုံးဟာ ပြည်ထောင်စုသား သွေးချင်း
ညီအကို အ၇င်းအချာတွေပါ ...ငြိမ်းချမ်းေ၇း၇မှ နယ်စပ်ဒေသတွေ အားလုံး
ဖွံဖြိုးတိုးတက်ပြီး အားလုံးသာတူညီမျှဖြစ်မှာပါ....ငြိမ်းချမ်းေ၇း အဓွါန့်၇ှည်
ခိုင်မြဲပြီး ထာ၀၇ တည်မြဲပါစေ........
မင်္ဂလာသတင်းပါဗျာ၊ အားလုံးငြိမ်းချမ်းကြပါစေ။
ငြိမ်းချမ်းပါစေ ငြိမ်းချမ်းရေးကိုလိုလားသူပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်