Subscribe to our RSS Feed

ရန်ကုန်မြို့တွင် ရုံးခွဲ ဖွင့်လှစ်မည် ဟု ဥရောပ သမဂ္ဂ အတည်ပြု ကြေညာ


မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်း လဲမှု အချို့မြင်တွေ့ရပြီး နောက် ရန်ကုန်မြို့ တွင် ဥရောပ သမဂ္ဂ၏ ရုံးခွဲ ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဥရောပ သမဂ္ဂအရာ ရှိကြီးများက အတည်ပြုပြောကြားသည်။

“ဒါဟာ ဥရောပသမဂ္ဂရဲ့ ကိုယ်စားပြုရုံးခွဲ တစ်ခုဖြစ်ပေမယ့် full-fledged mission တစ်ခု တော့မဟုတ်ပါဘူး။ ဒါဟာ မြန် မာနိုင်ငံမှာ စေ့စပ် ညှိနှိုင်းမှုပိုမိုဖြစ် ထွန်းလာခြင်းရဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းမြို့အခြေ စိုက်ဥရောပ သမဂ္ဂအရှေ့တောင် အာရှရုံးခွဲမှ သတင်း အချက်အ လက်အရာရှိ Seth Van Doorn က အတည်ပြုပြောကြား သည်။

ဥရောပသမဂ္ဂ၏ ရန်ကုန်ရုံး ခွဲသည် ဘန်ကောက်မြို့အခြေ စိုက်ဥရောပ သမဂ္ဂရုံး၏ကြီးကြပ် မှု အောက်တွင် လှုပ်ရှား ရမည် ဖြစ်ပြီး မြန်မာနိုင်ငံ နှင့် သက်ဆိုင် သည့် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် အမျိုးမျိုးအတွက် တာ ၀န်ယူရ မည်ဖြစ်ကြောင်း Seth Van Doorn ကပြောကြားသည်။

ထိုသို့ ရန်ကုန်ရုံး ခွဲဖွင့်လှစ် ရန် မြန်မာ အစိုးရနှင့် ဥရောပ သမဂ္ဂတို့ အကြား သဘောတူညီ ချက် ရရှိခဲ့ပြီဖြစ်ကြောင်း ဥရော ပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအ ကြီးအကဲ ၏ပြောရေးဆိုခွင့် ရှိသူ Catherine Ashton ကပြော ကြားသည်။

ရန်ကုန်ရုံးခွဲ သည် အိမ်နီး ချင်း ထိုင်းနိုင်ငံ၏ မြို့တော် ဘန် ကောက်ရှိ ဥရောပ သံအမတ် ကြီး ထံတင်ပြရ မည်ဖြစ်ကြောင်း သိရသည်။

“ဒီရုံးခွဲဟာ ဥရောပ သမဂ္ဂ ရဲ့အကူအညီပေးရေး အစီအစဉ် ကို စီမံကြီးကြပ်ဖို့ တာဝန်ရှိပါ တယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ ၀င် ရောက်ဆောင်ရွက်မှာ တော့မဟုတ် ပါဘူး။ ကျွန်တော်တို့ အနေနဲ့ စီမံ ခန့်ခွဲမှု အခြေအနေအရ အတတ် နိုင်ဆုံး ဆောလျင်စွာ ရန်ကုန်ရုံး ခွဲဖွင့် လှစ်ပါလိမ့်မယ်”ဟု Catherine Ashton ကပြောကြား သည်။ ပြီးခဲ့သည့် နိုဝင်ဘာတွင် ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအခြေအနေ ကို စောင့်ကြည့်လေ့လာလျက်ရှိ ကြောင်း ကြေညာခဲ့သည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းဆောင် ရွက်ချက်များကို ကူညီရေးနှင့် ဥ ရောပသမဂ္ဂ၏ မြန်မာနိုင်ငံအ ပေါ်ထားရှိသည့် မူဝါဒကို ဆန်း စစ်ရေးတို့ကိုအလေးထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အနေနဲ့ နိုင် ငံရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ် တွေကို ကျွန်တော်တို့ရဲ့ လူ့အ ခွင့်အရေး ကျွမ်းကျင် ပညာရှင် တွေနဲ့ အတတ်နိုင်ဆုံး ဆော လျင်စွာ စီစဉ်နေပါတယ်”ဟု ဥ ရောပသမဂ္ဂ ထိပ်တန်း အရာရှိ တစ်ဦးကပြောကြားသည်။

ဥရောပသမဂ္ဂ၏ ရန်ကုန် ရုံးခွဲဖွင့်လှစ် ရန်စီစဉ်ခြင်းသည် ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီ လျံဟိသ် မြန်မာနိုင်ငံ သို့ ပထမ ဆုံး အကြိမ်လာရောက်စဉ်ထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။

ခိုင်လင်းကျော်

Myanmar Post

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်