Subscribe to our RSS Feed

ဘက်ပေါင်းစုံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံခဲ့

From :MRTV4

မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရာမှာ အစိုးရချင်းသာမက ဘက်ပေါင်းစုံ ဆက်ဆံရေး ပိုမိုတိုး တက် ကောင်းမွန်စေဖို့အတွက် တွေ့ဆုံပွဲတစ်ခုကို ယနေ့ နံနက်ပိုင်း က ပြည်လမ်းရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံပွဲ မှာ  မြန်မာနိုင်ငံ ဘက်မှ နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့မှ တာဝန်ရှိသူတွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ်၊ ဦးစစ်အေး တို့နဲ့အတူ အမေရိကန်နိုင်ငံမှ Johns Hopkins University မှ ပါမောက္ခေ ဒါက်တာ ကားလ်ဂျက်ဆင် နဲ့အတူ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံမှု မပြုလုပ်ခင် မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့အတွက် အလွတ်သဘော တွေ့ဆုံမှု တစ်ခုကိုတော့ မတ်လ ၃ရက်နေ့ညပိုင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ခြံအမှတ် ၅၃မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံဘက် မှ ဒေါက်တာ အောင်ထွန်းသက်၊ ဦးစစ်အေး၊ ဦးဆက်အောင် စတဲ့ပညာရှင်များနဲ့  ပြည်တွင်း NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မင်္ဂလာမြန် မာမှ တာဝန်ရှိသူတွေနဲ့အတူ အမေရိကန်နိုင်ငံဘက်မှ လက်ထောက် နိုင်ငံခြားရေးနှင့် အာရှရေးရာဆိုင်ရာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး မစ္စတာ ရောဘတ်ဒိုနာနဲ့ သံရုံးတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်