Subscribe to our RSS Feed

ပိုလန်တွင် ရထားတိုက်မှု လူ ၁၅ ဦး သေဆုံး

From : MRTV-4




လွန်ခဲ့သည့် စနေနေ့ ညက ပိုလန်နိုင်ငံ တောင်ပိုင်း ဒေသတွင် မီးရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိ ခဲ့သဖြင့် အနည်းဆုံးလူ ၁၅ ဦး သေဆုံး သွားခဲ့ရ ကြောင်းနှင့် ယင်းအထဲတွင် အမေရိကန် နိုင်ငံသား တစ်ဦးလည်း ပါဝင်ကြောင်း NBC သတင်းတွင် ဖော်ပြခဲ့သည်။ Krakow မြို့ရှိ အမေရိကန် သံရုံးမှ ပြောရာတွင် အဆိုပါ သေဆုံးသွားသူ၏ မိသားစုအား ယင်းဖြစ်ရပ် အတွက် အကြောင်းကြားပြီး ဖြစ်ကြောင်းကို ပြောကြား လိုက်သည်။

ယခု ဖြစ်ရပ်မှာ ပိုလန်နိုင်ငံ သမိုင်းတွင် နှစ်နှစ်ဆယ် အတွင်း အဆိုးရွားဆုံ ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရထားတိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ပွားခဲ့ ရသည်ကို မသိရှိရ သေးကြောင်း နှင့်ထိုစဉ်က ရထား နှစ်စီးပေါ်တွင် ခရီးသည် ၃၅၀ ကို တင်ဆောင် လာခြင်း ဖြစ်ကာ Szczechociny မြို့ အနီးရှိ ရထားလမ်း တစ်ခု တည်းတွင် မျက်နှာချင်းဆိုင် တိုက်မိခြင်း ဖြစ်ကြောင်း နှင့်တိုက်မိစဉ်က နှစ်စင်းလုံး အရှိန်မြှင့် မောင်းနှင် လာခြင်း ဖြစ်သည်။ ယခုလို တိုက်မိမှုကြောင့် နောက်ထပ် လူ ၅၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်