လွန်ခဲ့သည့် ရက်က အာဖဂန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်း အနီးတွင် နေထိုင်သော နေအိမ်များကို ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ
အမေရိကန် စစ်သည်မှာ ၎င်း၏ ဘဝအတွင်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိခဲ့သူ တစ်ဦး ဖြစ်ကြောင်းကို တာဝန် ရှိသူများမှ ပြောကြားလိုက်ပြီ ဖြစ်သည်ဟု ABC သတင်းတွင် ဖော်ပြခဲ့သည်။ ယင်းစစ်သည်မှာ လွန်ခဲ့သည့် ဒီဇင်ဘာလကမှ စိတ်ပိုင်းဆိုင်ရာ အရ ပြန်လည် ကျန်းမာလာခဲ့ပြီးနောက် အာဖဂန်တွင် တာဝန် ထမ်းဆောင်စေရန် အမိန့် ပေးခံခဲ့ရသူလည်း ဖြစ်သည်။
သို့ရာတွင် ယခုလို ဖြစ်ရပ်အတွက် ၎င်း၏ အမည်အား တရားဝင် ထုတ်ပြန်သေးခြင်း မရှိပေ။ တနင်္လာနေ့က သတင်းများတွင် ဖော်ပြခဲ့ရာ၌ အဆိုပါ စစ်သည်မှာ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး နိုင်ငံရပ်ခြားတွင် လေးကြိမ်တိုင် စစ်ဆင်ရေး အမှုထမ်းခဲ့ပြီး ဖြစ်ကြောင်း ပထမ သုံးကြိမ်မှာ အီရတ်တွင် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ တာဝန်ရှိသူ တစ်ဦး၏ အပြောအရ ယင်းစစ်သည်မှာ စိတ်ပိုင်းဆိုင်ရာ အပျော့စား ဒဏ်ရာနှင့် မတော်တဆမှု တစ်ခုတွင် ဦးနှောက် ထိခိုက်မှု အသေးစား တစ်ခု ဖြစ်ခဲ့ဖူးကြောင်း ၊ အလားတူပင် ၂၀၀၈ ခုနှစ်ကလည်း လက်ဖြောင့် သေနတ်သမား တစ်ဦးအဖြစ် ဖြစ်စေရန် လေ့ကျင့်ရာတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုကို ခံယူခဲ့ရကြောင်းလည်း ပြောခဲ့သည်။
source : ABC news
Myanmar Express
1 comments:
ဒါဆိုအမေရိကန်နိုင်ငံကစောက်ရူးတွေ လဲအမှုထမ်းတာပေါ့နော်...သေတဲ့သူကတော့သေကုန်ပီ.... အရူးစကားဆိုတာ တဆင့်လဲမကောင်းဘူး တိုင်ရိုက်လဲမကောင်းဘူးပေါ့....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်