Subscribe to our RSS Feed

ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်၌ ပိတ်ကားနှင့် ရုပ်ရှင်ပြသမှု ပါဝင်ခဲ့

From : MRTV-4


ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာရုပ်ရှင်လုပ်ငန်း မော်ကွန်းရုပ်ရှင်ကနေ လွန်ခဲ့တဲ့နှ စ်ပေါင်း ၄၀ကျော်ခန့်က ရိုက်ကူးထုတ်လွှင့် ပြသခဲ့တဲ့ ပိတ်ကားနဲ့ ရုပ်ရှင်ပြသမှုပုံစံကို ရွှေတိဂုံစေတီတော်နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ပြသလျက်ရှိပါတယ်။ ဒီလိုပြသမှုကို ရွှေတိဂုံစေတီတော် အရှေ့ ဘက်မုခ်ရှိ ကားပါကင်နေရာမှာ ပွဲတော်ကာလ ၁၅ရက် စလုံးမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပိတ်ကားနှင့် ရုပ်ရှင်ပြသမှုကို နေ့စဉ်ည ၇နာရီမှ ၁၂နာရီခန့်အထိ တစ်ညကို ရုပ်ရှင် ၂ကားခန့် ပြသနေတာဖြစ်ပါတယ်။ ပြသတဲ့ ရုပ်ရှင်ကားတွေကတော့ အကယ်ဒမီရရှိခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားများ၊ မော်ကွန်းရုပ်ရှင်က ရိုက်ကူးထုတ်လုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပုံ သတင်းမှတ်တမ်းများနဲ့အခြား ဗဟုသုတရဖွယ်ရာ ဇာတ်ကားများကို အဓိကထားပြီး ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပိတ်ကား ရုပ်ရှင်ပြသမှုကို မော်ကွန်းရုပ်ရှင် နယ်လှည့်ပြသရေးအဖွဲ့မှ ၀န်ထမ်းများက ရုပ်ရှင်ပြစက် ၂လုံးနဲ့ လှည့်ပတ်စေလျက် ပြသတာ ဖြစ်ပါတယ်။ ဒီလိုပြသမှုကို ပွဲတော်ရက် အတွင်းမှာ ရုပ်ရှင်ကားပေါင်း ၃၀ခန့်ကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်