Subscribe to our RSS Feed

ထုတ်/တင် စာနယ်ဇင်းအချို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသောပုံများ ထည့်သွင်း ဖော်ပြလာမှုများအတွက် စာပေစိစစ်ရေးဌာနက သတိပေး

From :မြန်မာတိုင်းမ်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ဖြစ်စေရေး အတွက် စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ များအား အဆင့်ဆင့် ပြောင်းလဲကျင့်သုံး လျက်ရှိရာ (ထုတ်/တင်)စနစ် ပထမဆင့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက် နေ့တွင် ဘာသာရပ်ငါးခုအား လည်းကောင်း၊ ဒုတိယဆင့်အနေဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဘာသာရပ် နှစ်ခုအားလည်းကောင်း၊ တတိယဆင့် အနေဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ တွင် ဘာသာရပ်တစ်ခုအားလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး ပညာရေး၊ စီးပွားရေး၊ မှုခင်းနှင့်ဥပဒေဆိုင်ရာ၊ အနုပညာ သုတ ရသ၊ ကျန်းမာရေး၊ နည်းပညာ၊ အား ကစား၊ ကလေးဆိုင်ရာတို့နှင့် ပတ်သက် သည့် ဘာသာရပ်များဖြစ်ကြောင်း သိရ သည်။ ခွင့်ပြုခဲ့သည့် ဘာသာရပ်ရှစ်မျိုးသည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြရန် မလိုအပ်ဘဲ ကိုယ်တိုင် စိစစ်၊ ပုံနှိပ်ထုတ်ဝေသည့်စနစ် (ထုတ်/ တင်)အဖြစ် ပြောင်းလဲကျင့်သုံးလျက်ရှိ ရာ အချို့သော (ထုတ်/တင်)ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် မြန်မာ့ရိုးရာ ယဉ်ကျေး မှုရှုထောင့်အရ ဖော်ပြရန် လုံးဝမသင့် လျော်သည့် အမျိုးသမီးပုံများအား ထည့်သွင်းဖော်ပြလာကြောင်း တွေ့ရှိ နေရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က "ထုတ်/တင် စနစ်ဆိုတာ သတ်မှတ် ပေးထားတဲ့ စာပေစိစစ်ရေးမူဝါဒတွေနဲ့ အညီ ထုတ်ဝေသူကိုယ်တိုင်က ကိုယ်တိုင် စိစစ်၊ ပုံနှိပ်၊ ထုတ်ဝေတာမျိုး ဖြစ်ပါတယ်။ ဒီလိုထုတ်ဝေရာမှာ လွတ်လပ်မှုနဲ့ တာဝန် ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား တို့ကို အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဖော်ပြရန် မသင့်တဲ့ ပုံတွေကို မဖော်ပြဖို့အတွက် လည်း စာပေစိစစ်ရေးဆိုင်ရာမူဝါဒများ အနေနဲ့ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်"ဟု ပြောကြားသည်။
"မကြာမီပေါ်ပေါက်လာတော့မယ့် ပုံနှိပ်မီဒီယာဥပဒေနဲ့အညီ အံဝင်ခွင်ကျ ဖြစ်စေဖို့ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ တွေကို အဆင့်ဆင့် ပြောင်းလဲကျင့်သုံး ရာမှာ အပြုသဘောနဲ့ဆောင်ရွက်ခဲ့ပါ တယ်။ အချို့သောစာစောင်များနဲ့ ပတ် သက်လို့ကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် ထုတ်ဝေခွင့် အပြီး ပိတ်သိမ်းခံရမယ်ဆိုတဲ့အထိ နောက်ဆုံး အကြိမ် ပြင်းထန်စွာ သတိပေးခဲ့ရတာ တွေ ရှိပါတယ်။ (ထုတ်/တင်)တွေမှာ အများဆုံးတွေ့ရတဲ့ စည်းကမ်းချိုး ဖောက်မှုတွေကတော့ ပုံနှိပ် မှတ်တမ်း မပြည့်စုံတာတွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ပုံတွေ၊ ကြော်ငြာတွေ ဖော်ပြ တာတွေ၊ သတ်မှတ်ပေးထားတဲ့ကဏ္ဍက နေ ဘောင်ကျော်လွန်ပြီး ရေးသားတာတွေကို တွေ့နေရပါတယ်" ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေး မှူးဦးမျိုးမြင့်မောင် က ပြောသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးက ပြောကြားရာတွင် "အားကစားဂျာနယ် တွေမှာ လောင်းကစားဆန်တဲ့ အသုံး အနှုန်းတွေ ဖော်ပြပါရှိ နေတာတွေ၊ အားကစားသမားတွေရဲ့အကြောင်း ဖော်ပြရာမှာ နိုင်ငံခြားသူတွေဆိုပြီး မတော်တရော်ပုံတွေ စည်းလွတ်ဝါးလွတ် ဖော်ပြ နေတာတွေ၊ မိမိထုတ်ဝေရမယ့် ဘာသာရပ်အမျိုးအစားမှာ ပါဝင်ရမယ့် ကဏ္ဍထက် ကျော်လွန်ပြီး ကြိုတင် တင်ပြခွင့်ပြုချက်ရယူပြီးမှ ထုတ်ဝေနေ တဲ့ (တင်/ထုတ်) စာစောင်တွေလို ရေးသားနေတာတွေ၊ ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ကြော်ငြာတွေထည့်သွင်း နေတာ တွေနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ ထုတ်ဝေသူ၊ အယ်ဒီတာ အဖွဲ့တွေတင်မကဘဲ အုပ်စုအလိုက် ခေါ်ယူဆွေးနွေး ပညာပေးမှု တွေ ပြုလုပ် ပေးနေရပါတယ်" ဟုဆိုသည်။
ယခုတလော ထွက်ရှိလာသည့် နည်း ပညာစာစောင်တစ်ခုဖြစ်သော The IT Times ဂျာနယ်မျက်နှာဖုံး နှင့် အတွင်းပုံ ပါ သရုပ်ဆောင် တစ်ဦး၏ ၀တ်စား ဆင်ယင်မှုနှင့်ပတ်သက်၍ ထုတ်ဝေသူ တစ်ဦးက "ဒီလိုပုံမျိုးကတော့ စည်းကမ်း နဲ့မညီတဲ့အပြင် လက်ခံဖို့လည်း မသင့် တဲ့ပုံများ ဖြစ်ပါတယ်။ ကိုယ်တိုင်တာဝန် သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုရှိစေဖို့ အတွက် အခုလို စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ အဆင့်ဆင့်ကို ပြောင်းလဲကျင့်သုံး နေရာမှာ ဂရုပြုဆောင်ရွက်နိုင်ဖို့ အထူး အရေးကြီးပါတယ်"ဟု ပြောသည်။
"(ထုတ်/တင်)စနစ် စတင်ကျင့်သုံး ကတည်းက ဌာနအနေနဲ့သော်လည်း ကောင်း၊ စိစစ်ရေးအဖွဲ့အနေနဲ့သော် လည်းကောင်း၊ စိစစ်သုံးသပ်တင်ပြရေး အဖွဲ့အနေနဲ့သော်လည်းကောင်း သတိ ပေး၊ အရေးယူဆောင်ရွက်ခဲ့ရတဲ့ စာ စောင်တွေကို စနစ်တကျ မှတ်တမ်းတင် ထားပါတယ်။ အနုပညာသုတရသဖြစ် သော Oasis ဂျာနယ်၊ 8 Days ဂျာနယ်၊ Now ဂျာနယ်၊ အားကစားဂျာနယ်များမှ တက်လမ်းဂျာနယ်၊ Euro Sport ဂျာနယ်၊ 9 Plus ဂျာနယ်၊ Forever ဂျာနယ်၊ Waka Waka ဂျာနယ်၊ First Line Up ဂျာနယ်တို့အား ပုံများဖော်ပြမှုများနှင့် ပတ်သက်၍လည်းကောင်း၊ စီးပွားရေး ဆိုင်ရာ ဂျာနယ်များအနက် Express Times ဂျာနယ်၊ မြနန္ဒာဂျာနယ်၊ မြန်မာ သမာဓိ ဂျာနယ်များအားလည်းကောင်း သတ်မှတ်သည့်ကဏ္ဍထက် ကျော်လွန် ရေးသားမှုများကြောင့် လည်းကောင်း သတိပေးအရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံးအရေးယူရမယ့်နည်းလမ်းကတော့ ထုတ်ဝေခွင့် အပြီး ပိတ်သိမ်းဖို့ပဲ ရှိပါတော့တယ်" ဟု ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဆိုသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း စည်းမျဉ်းစည်းကမ်းများ ကျော်လွန်ချိုးဖောက်နေမှုများနှင့် ပတ် သက်၍ "ဘယ်သူ့ကိုတော့ သာစေ၊ ဘယ်သူ့ကိုတော့ နာစေဆိုတာ မရှိပါဘူး။ ချိုးဖောက်မှုပေါ် မူတည်ပြီး လိုအပ်သလို အရေးယူဆောင်ရွက် နေတာပါ။ ပုံနှိပ် မီဒီယာဥပဒေမထွက်ခင် အသွင်ကူး ပြောင်းရေးကာလမှာ အပြုသဘောနဲ့ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်နေမှု အပေါ်မှာ သက်ဆိုင်ရာဂျာနယ်၊ စာစောင်တွေအနေနဲ့ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ အထူးပဲလိုအပ်ပါတယ်။ တည်ဆဲဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက် များအရ ထိထိရောက်ရောက် အရေးယူ မယ်ဆိုရင် နစ်နာဆုံးရှုံးရမှာက သက်ဆိုင်ရာ ထုတ်ဝေသူများပဲဖြစ်တယ်" ဟု ပြောကြားသည်။
ယခုအခါ ပြည်တွင်းပုံနှိပ်မီဒီယာ လောကတွင် ဂျာနယ် ၂၀၄ စောင်၊ မဂ္ဂဇင်း ၁၈၉ စောင်နှင့် အထွေထွေထုတ်ဝေခွင့် များ အပါအ၀င် ထုတ်ဝေခွင့်ပေါင်း ၁,၀၁၆ ခု ထုတ်ဝေလျက်ရှိကြောင်း စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနမှ ထုတ်ပြန်ထား သော စာရင်းများအရ သိရသည်။

Myanmar Express

1 comments:

စောက် ပို တွေ လာ ပြော မ နေ နဲ့  မင်း တို့ က ဒီ လို ပုံ တွေ မ ကြည့် ချင် လို့ လား.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်