Subscribe to our RSS Feed

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်းကို ပြန်လည်ဖောက်လုပ်တော့မည်

From :ခေတ်လူငယ်

ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့်သံဖြူဇရပ်ရှိ မီးရထားလမ်းဟောင်းကို အသစ်ပြန်လည်ဖောက်လုပ်တော့မည် ဖြစ်ကြောင်းသိရသည်။ အဆိုပါရထားလမ်းသည် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်သူများကို ချွေးတပ်အဖြစ်ခေါ်ယူကာဖောက်လုပ် ခဲ့ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့သော ကြောင့် “သေမင်းတမန်ရထားလမ်း” ဟု တင်စားထားသည့် ရထားလမ်းလည်း ဖြစ်ကာ နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများ ရှိကြောင်းသိရသည်။ “ ထိုင်းဘက်ခြမ်းမှာ သေမင်းတမန် ရထားလမ်းဖောက်လုပ်ပြီးနောက် ခရီးသွားလုပ်ငန်းအောင် မြင်နေပါတယ်။ ဒါကြောင့် ဒီသေမင်းတမန်ရထားလမ်းကို အမြန်ဆုံး အကောင်အထည်ဖော်သွားပါမယ်” ဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် မွန်ပြည်နယ်တွင်ပြုလုပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။ အဆိုပါ ရထားလမ်းကို မွန်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြန်လည်ဖောက်လုပ်ကာ ရထားလမ်းအရှည်မိုင် ၆၀ ရှိကြောင်း သိရသည်။ “ အဓိကတော့ ဂျပန် ခေတ်က ထိုင်းနယ်စပ်ကို သွားလာနိုင်ဖို့ ဒီရထားလမ်းကို ဖောက်တာပါ။ မြန်မာတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့တဲ့ နေရာပဲ။ ရထားလမ်းဇလီဖာတုံးတစ်ခု စီမှာ အသက်တွေရှိ နေတယ်လို့ တင်စားပြီး သေမင်းတမန်ရထားလမ်းလို့ နာမည်ကြီးပါတယ်” ဟု မြန်မာ့ မီးရထားမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ “ ထိုင်းဘက်က ခရီးသည်တွေ ရထားလမ်းကို လာကြည့်ကြတယ်။ သံဖြူဇရပ်မှာလဲ ရထားလမ်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းဓာတ်ပုံနဲ့ အတူ ပြတိုက်လဲရှိပါတယ်” ဟု ယင်းက ဆက်ပြောသည်။ အဆိုပါ ရထားလမ်းဟောင်း စီမံကိန်းကြီးကို ၁၉၄၂ ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခင်ရထားလမ်းအရှည်သည် ၄၁၅ ကီလိုမီတာရှိကြောင်းသိရှိရသည်....
 
 Myanmar Express

2 comments:

nld က အဖွဲ့ တွေ ကို အရင်လို ချွေးတပ်အဖြစ်ခေါ်ယူပြီး
လမ်းဖောက်ခိုင်းရမယ်။ ပြီးရင် အကုန် သတ်ပစ်ရမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်