Subscribe to our RSS Feed

စိတ်မပါလည်းပဲ ဒေါ်စုကို သွားကြည့်ကြဖို့ မန္တလေးတွင် နားငြီးအောင် အော်နေ


ဒေါ်အောင်ဆန်းစုကြည်ကို စိတ်မပါသည်ဖြစ်စေ ပါသည်ဖြစ်စေ ခဏလောက်တော့ သွားကြည့်ကြဖို့အတွက် မန္တလေးမှာ ကားနဲ့လိုက်အော်နေတာကြောင့် လူအများ ဒသခံလူအများ စိတ်ပျက်နေကြတယ်လို့ မန္တလေးက လာတဲ့သတင်းတွေအရ သိရပါတယ်။

မန္တလေးမြို့ဟာ ဘာသာတရားထွန်းကားပြီး တရားသံတွေ အလှူခံအသံတွေ နေရာအနှံ့ကြားနေရတဲ့ မြို့ဖြစ်ပါတယ်။ အခုတော့ ဘုရားကြီးအရှေ့မုတ်မှာ နဲ့ တောင်ဖက်မုတ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် လာကြည့်ကြဖို့ အတင်းအော်သံတွေ ဆူညံနေကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်ဆု ရထားကြောင်းအပါအဝင် မဟုတ်တာတွေရော ဟုတ်တာတွေရော စုံနေကြောင်းကြွားကာ ဆူညံအောင်အော်နေကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်များအတွက် သက်ဆိုင်ရာ ဒေသများမှ NLD ပါတီဝင်များကို လူစည်ကားစေဖို့ ငွေအင်အား၊ လူအင်အား အလုံးအရင်း သုံးဖို့ ညွန်ကြားထားပြီး လူမစည်ကားပါက သက်ဆိုင်ရာ ပါတီဝင်များ အထောက်အပံ့တွေ မရရှိနိုင်ကြောင်း ဖိအားပေးမှုတွေ ရှိတယ်လို့လည်း သတင်းအချို့ ကြားရပါတယ်။ ဒါကြောင့် ဘယ်ပါတီမှာမှ မလုပ်တဲ့ ပုံစံတွေနဲ့ အတင်းလိုက်အော်နေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့ဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးနန်းတည်ရာမြို့ဖြစ်ပြီး နောက်ဆုံးဘုရင်ကို အင်္ဂလိပ်နယ်ချဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ မြို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နယ်ချဲ့အင်္ဂလိပ်ကို ယူထားသူဖြစ်ပြီး ကလေးနှစ်ယောက် မွေးပေးထားသူဖြစ်ပါတယ်။


မန္တလေး နန်းတော်ရှေ့မှာ အင်္ဂလိပ်ခွေးကို ကြင်နာကြသလောက် မြန်မာ လူသားတွေကိုတော့ ဒူးထောက်ခစားခိုင်းသော နယ်ချဲ့များ

အင်္ဂလိပ်နယ်ချဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ကလေးမွေးပေးစဉ်

NLD ပါတီ ရဲ့ မဲဆွယ်မှုများက စည်းမဲ့ကမ်းမဲ့ မှုတွေ၊ ဥပဒေနဲ့ မညီညွတ်တာတွေ အများအပြားရှိနေကြောင်း နာမည်ပျက်နဲ့ ကျော်ကြားနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းကတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူတွေကို လမ်းပိတ်ဆို့အောင်၊ သွားလာရေးခက်ခဲ ရှုတ်ထွေးစေအောင် ဘယ်တော့မှ မလုပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Myanmar Express

3 comments:

ဦးနှောက် မရှိတဲ့ လူတွေ မြန်မာပြည်မှာ နေရာတကာပဲ။

စောက်ရူးမ... စောက်ပေါမကြီး... အလကား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်