Subscribe to our RSS Feed

မတ်လဆန်းတွင် တန်ဖိုးနည်း GSM ဖုန်းများ ချထားပေးမည်

From :MRTV4

တန်ဖိုးနည်း GSM ဖုန်းများကိုလာမယ့် မတ်လဆန်းပိုင်း အတွင်းမှာ ရောင်းချပေးသွားမှာ ဖြစ်တယ် လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်းဖုန်များ နောက်လမှာ ချထားပေးဖိုအတွက်ကို လိုအပ်တဲ့ အခြေခံဆက်သွယ် ရေးပိုင်းဆိုင်ရာများတည်ဆောက်မှုကို ယခုလအတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး လကုန်ပိုင်းမှာ အဆိုပါ ပစ္စည်းတွေကို စမ်းသပ်မှု များ ပြုလုပ်ကာ တန်းဖိုးနည်း GSM ဖုန်းတွေကို ချထားပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ တန်ဖိုးနည်း ဖုန်းတွေကို ရောင်းချရာမှာ မြန်မာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် ဈေးနှုန်း ကိုတော့ မြန်မာကျပ်ငွေ သုံးသိန်း ထက်မပိုပဲ ရောင်းချပေးမှာဖြစ်ပြီး ယခုလက်ရှိမှာတော့ ဈေးနှုန်း အတိအကျ မသတ်မှတ်ရ သေးကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို တစ်ဆင့်ပြန်လည် ရောင်းချလိုသူတွေ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှာ တိုက်ရိုက်ဝယ်ယူ ရမှာမဟုတ်ဘဲ Sim Card များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ပြည် တွင်း ပုဂ္ဂလိကကုမ်္ပဏီ ၂၃ ခုနဲ့သာ ချိတ်ဆက်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို တန်ဖိုးနည်းဖုန်း Sim Card ဖုန်းများ ရောင်းချပြီး ၆ လအတွင်းမှာ Multimedia Service MMS စနစ်ကိုပါ အသုံးပြုနိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်