Subscribe to our RSS Feed

အစိုးရဆေးရုံများအတွက် ဆော်ဒီမှ 'ကန်'ဒေါ်လာသန်း ၂၀ ချေးငှားမည်


From :ဇော်ဝင်းသန်း
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

မြန်မာ့နိုင်ငံရေး အပြုသဘောဆောင် တိုးတက်ပြောင်းလဲမှုကို အသိအမှတ်ပြု သည့်အနေဖြင့် ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါချေးငှားငွေအား အစိုးရဆေး ရုံ၊ ဆေးခန်းတွင် ကျန်းမာရေးကုသမှု ခံယူမည့် မြန်မာနိုင်ငံသားများအတွက် လက်ရှိထက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဆော်ဒီရန်ပုံငွေထူထောင် ရေးအဖွဲ့သည် မြန်မာနိုင်ငံနှင့် ဆော်ဒီ အာရေဗျ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပြယုဂ်အနေဖြင့် အခြားအစိုးရဆိုင်ရာ ကဏ္ဍအသီးသီးတွင်လည်း ချေးငွေများ ထုတ်ချေးပေးသွားရန် အစီအစဉ်ရှိ ကြောင်းပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်