Subscribe to our RSS Feed

လူထုအတွက် အကျိုးပေးမကောင်းတဲ့ ဒေါ်စုခရီစဉ်များကြောင့် ပြည်သူတစ်ယောက် သေပြန်

ဖျာပုံမြို့၊ ၇ ရပ်ကွက် နီလာလမ်း အမှတ် ၄၆ နေ ကိုရဲထွန်း အသက် ၂၆ နှစ်ရှိသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ ၁၇ ရက်ဖျာပုံခရီးစဉ်တွင် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးပြီး ယင်းနေ့မှာပင် ဖျာပုံပြည့်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သွားပုံမှာ ကိုရဲထွန်းသည် အမျီုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံခရီးစဉ်တွင် ဓာတ်ပုံလိုက်လံရိုက်ကူးခဲ့ပြီး အိမ်ပြန်အရောက်တွင် ရင်ဘတ်အောင့်သည်ဟုဆိုကာ ဖျာပုံပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်ရသည်။ ကိုရဲထွန်းမှာ ယင်းဆေးရုံ၌ ထိုနေ့ညနေ ၆ နာရီခွဲအချိန်တွင် ကွယ်လွန်သွားကြောင်းသိရသည်။

ဘာအကြောင့်ပြချက်ကြောင့်သေမှန်းမသိရပေမယ့် ဖျာပုံဒေသခံများက ဒေါ်အောင်ဆန်းစုကြည် နောက်တစ်ခေါက်ထပ်လာမှာကို အလွန်ဆိုးရိမ်နေကြကြောင်း သိရသည်။ အသက် ၉၀ အရွယ် ဒေသခံ အဘိုးအိုတစ်ယောက်ကတော့ ပြည်သူကို အကျိုးမပေးတဲ့ ခေါင်းဆောင်လာလို့ ခိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားတယ်လို့ သတင်းရရှိပါသည်။

ဒီနှစ်ထဲမှာတင် ရန်ကုန်မြို့မှ NLD ပါတီဝင် အသစ်တစ်ဦးလည်း ပါတီဝင်ပြီး တစ်လအတွင်းမှာ သေဆုံးခဲ့ပြီး ပုသိမ်ခရီးစဉ်အတွင်းမှာလဲ ဆေးခန်းသွားမယ့်လူတစ်ယောက်ရဲ့လမ်းမှာ NLD ပါတီဝင်တွေ လမ်းပိတ်နေလို့ အရေးပေါ် ကုသလိုက်ရတယ်လို့ သိရသည်။



၎င်းဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ရှေးမြန်မာပညာရှိများက ကောင်းကျိုးမပေးတဲ့ ခေါင်းဆောင်ကြောင့် ၊ အင်္ဂလိပ် လူမျိုးကို ယူထားတဲ့ မိန်းမ ကြောင့် ဖြစ်ရတယ်လို့ ယုံကြည်နေကြကြောင်း သတင်းရရှိပါသည်။

Myanmar Express

7 comments:

အမျိုးသားရေးကိုတကယ် ချစိတဲ့လူဆိုရင် ဘယ်တော့မှ တိုင်းတပါးသားကို လင်မတော်ဘူးမှတ်... ဒါက ကလေးဦးနှောက်နှင့်တွေးကြည့် ရင်တောင်သိနိုင်ပါတယ်....ငါကတော့နိုင်ငံရေးသမားတော့ မဟုတ်ဘူး..အမျိုးပျောက်မှာကိုကြောက်တဲ့ လူ

NLD မက လို့ ကြံ့ဖွတ်ဖြစ်နေပါစေ..ဘယ်ပါတီပဲ့ဖြစ် ဖြစ်.ကိုယိ့နိုင်ငံက ပြည်သူ့ကောင်းကျိုးအတွက် လုပ်ဆောင်မယ်ဆိုရငိတော့ ကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ ပါတီကိုတော့ ထောက်ခံသင့်ရငိထောက်ခံရမှာပဲ့...အေးးး ဒါပေမဲ့ ဥက္ကဌ လုပ်နေတဲ့ လူကိုယ်တိုင်က တိုင်တပါးသားတယောက်ရဲ့ မယားဖြစ်နေတာတော့ လက်မခံပါဘူး..ဒေါ်ဒေါ်စုရယ်...အသက်ကိုတော့အားနာပါရဲ့.....လူကြီးကို အဲ့လိုမပြောသင့်တာတော့သိပါတယ်...ဒါပေမဲ့ ရင်ထဲက အမှန်ကိုတော့ပြောပါရစေ ဗိုလ်ချုပ်သမီးတယောက်လုပ်ပြီး ဦးနှောက်က ဆင်ခြင်တုန် တရားမဲ့လွန်းတာတော့ ဒါပညာရှိတယောက်မဟုတ်ပါဘူး..ရိုးရိုးပညာလောက်ပဲ့ ဒေါ်ဒေါ်တတ်တာပါ...ပါဘဲ့ဖြစ်ဖြစ် အခုချိန်မှာ ဖေဖေဖေဖေ ဆိုပြီး ဟောပြောပွဲတွေမှာ ဗိုလ်ချုပ်ကို သိပ်ပြီးတော့ ခုတုံးမလုပ်ပါနှင့်..တကယ်လက်ရှိ ဗိုယ်ချုပိသာရှိရင် ဒေါ်ဒေါ် လုပ်ရပ်ကို လက်ခံမှာလည်း မဟုတ်ပါဘူး

အာာာာာာာာာာာာ.... ဟကောင်တွေ လူကြီးကို အဲဒီလိုမပြောရဘူးလေကွာ.. မင်းတို့ကလဲ။ သူ့ခမျာလဲ အသွေးအသားအလိုဆန္ဒကို မလွန်ဆန်နိုင်ရှာလို့ အင်္ဂလိပ်ကို လင်တော်လိုက်ရတာပါ... သူ့ကိုယ်သူ မထိန်းသိမ်းတတ်လို့ ဖြစ်သွားတာပါကွာ... လွှတ်ပေးလိုက်ပါ။ သူ့နောက်လိုက်တွေကိုက အ,တာ... ကိုယ့်ကိုယ်ကို၊ ကိုယ့်အသွေးအသားဆန္ဒကို မထိန်းသိမ်းနိုင်တဲ့ မိန်းမကြီးတစ်ယောက်ကို နိုင်ငံ့ဒီမိုခရေဇီခါင်းဆောင်ဆိုပဲ.. နိုင်ငံကို ပုံအပ်ချင်ကြသေးတာဆိုပဲ... ဟဟ... လုပ်လိုက်ကြသေးတာ... ဒီမိန်းမကြီး မမှားပါဘူးကွ... မှန်ပါတယ်.. သူ့ဘာသာ ခံချင်လို့ခံပြီး လင်တော်လိုက်တာပဲ... သူ့နောက်မြီးဆွဲတွေက ဥာဏ်မရှိကြတာပါ... ဟားဟားဟား

မြန်မာ ပြည်သူပြည်သားတွေကကို အရင်တည်းက ခွေးနှစ်ကောင်ကိုက်တာတောင် တိုးခွေ့ကြည့်တတ်တဲ့ အကျင့်က ရှိတော့လည်း......

နိုင်ငံခြားသားယူတာ မယူတာ ထားပါ။ အခုကြည့်ကြပါအုန်း
စည်းမဲ့ကမ်းမဲ့နဲ့ လှည့်လည်ပြီးတော့ သူတို့ ကြောင့် ဒုက္ခရောက်ရတဲ့ သူတွေ တဖြေးဖြေးများလာပြီ။ ဒုက္ခတွေတော့ ရောက်ကြရတော့မယ်နဲ့ တူတယ်ဗျာ.....

ဟုတ်တယ်ဗျာ၊ မြန်မာနိုင်ငံသားက တိုင်းတစ်ပါးသူကိုယူ
တာကမှကြည့်ကောင်းဦးမယ်၊ မြန်မာနိုင်ငံသူတစ်ယောက်
တိုင်းတစ်ပါးသားကိုယူတာတော့ သာမန်ပြည်သူတစ်
ယောက်ဆိုရင်တောင် ကျွန်တော်တို့နိုင်ငံ လူ့အသိုင်းအ၀ိုင်း
က ကဲ့ရဲ့စရာအဖြစ်မြင်နေကြတာ အခုဟာက ကျွန်တော်
တို့ အမျိုးသားဖခင်ကြီးရဲ့သမီးဆိုတော့ ပြောဖွယ်ရာမရှိ ဖြစ်
နေပြီ၊ကိုယ့်သွေးသားဆန္ဒကို ရှေ့တန်းတင်လွန်းအားကြီး
ပြီး ဆင်ခြင်ထုံတရားတွေ ပျောက်ဆုံးခဲ့တာဖြစ်မယ်။
ပိုဆိုးတာက ကိုယ့်လူမျိုးကို ကျွန်ပြုခဲ့တဲ့လူမျိုး၊ ကိုယ့်
အဖေက အသက်နဲ့ရင်းပြီး တွန်းလှန်ခဲ့တဲ့လူမျိုး၊ အဆိုး
ဆုံးကတော့ ကိုယ့်အဖေနဲ့အဘိုးကို သတ်ပြစ်တဲ့လူမျိုး၊ အဲဒီလူမျိုးကို ယူတာကတော့ တိုင်းပြည်နဲ့လူမျိုးကို
စော်ကားတာဘဲပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်