Subscribe to our RSS Feed

ရတနာပုံ ဆိုက်ဘာ စီးတီးမှ ကျောင်းသားများ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံ တို့တွင် ဆက်လက် ပညာသင်နိုင်တော့မည်


From : AFMG

တောင်ကိုရီးယား နိုင်ငံနှင့် အာဆီယံနိုင်ငံ တို့သို့ ရတနာပုံ ဆိုက်ဘာစီးတီး မှ ကျောင်းသား များ ပညာသွားရောက် သင်ယူနိုင်တော့မည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ တာဝန်ရှိသူက ဆိုသည်။

ထိုကဲ့သို့ ကျောင်းသားများ ပေါင်းကူးပုံစံဖြင့် ပညာသွားရောက် သင်ယူနိုင်ရန် အတွက် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် အဓိက ဆွေးနွေးခဲ့ရာ သဘောတူညီမှု ရရှိသွားခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

”ဒီမှာ ဒုတိယနှစ် တက်ပြီး ဟိုဘက်မှာ တတိယနှစ် တက် ဒီလိုပုံစံမျိုးပါ။ တက်ခွင့်ရဖို့ အရည် အချင်း သတ်မှတ်မှုနဲ့ ရွေးချယ်မှု ကတော့ ရှိတယ်”ဟု ၄င်းကပြောသည်။

ငါးနှစ်ကြာ တက်ရောက် သင်ယူရသည့် ရတနာပုံ ဆိုက်ဘာ စီးတီး၌ လက်ရှိတွင် ပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသား စုစုပေါင်း ၁၈ဝဝ ခန့် ရှိနေကြောင်း နောက်ပိုင်း ၌ ၄င်းကျောင်းသားများ ကျောင်းပြီးပါက ရွေးချယ်မှုဖြင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ တို့သို့ သွားရောက်အလုပ် လုပ်ကိုင်နိုင်ရေး အတွက်ကိုပါ ဆက်လက် ဆွေးနွေးနေ သည်ဟု ၄င်းထံမှ သိရသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် စသည်ဖြင့် တက္ကသိုလ် ကောလိပ် ၆ဝ ကျော်ရှိနေသော်လည်း ယခု ပေါင်းကူး ပုံစံဖြင့် တက်ရောက်နိုင်ရန် စီစဉ်နိုင် ခဲ့သည်မှာ ရတနာပုံ ဆိုက်ဘာစီးတီး တစ်ခုတည်းသာ ရှိနေသေးသည်။ ကျန်ကျောင်းများကိုလည်း ယခုကဲ့သို့ စေ လွှတ်နိုင်ရေး အစီအစဉ် ရှိသည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဌာန မှသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်