Subscribe to our RSS Feed

ပြည်ပ ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ရာဘာဈေးမြင့်တက်

From : 7 day news
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၃


Photo

ပြည်ပ ရာဘာဝယ်လိုအား မြင့်တက်လာသည့်အတွက် ပြည်တွင်း၌ ဈေးနှုန်းမြင့်တက်လာကြောင်း ရာဘာတင်ပို့သည့် လုပ်ငန်းရှင်များထံမှစုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင် ရာဘာဈေးနှုန်းကျဆင်းနေမှုကို ကာကွယ်ရန် အစိုးရက အာမခံဈေးဖြင့် ရာဘာ တစ်ပေါင်လျှင် ထိုင်းငွေဘတ် ၁၂၀ ဖြင့် ၀ယ်ယူခဲ့သဖြင့် ရာဘာ ဈေးပြန်မြင့်တက်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံဘက်မှလည်း ရာဘာဝယ်ယူမှုတိုးမြင့်လာခြင်း က ပြည်တွင်းရာဘာဈေးနှုန်းကို ပြန်လည်ဆွဲတင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်က ဆို သည်။

“တရုတ်က နှစ်စပိုင်းလက နည်းနည်းပဲဝယ်တယ်။ ဈေးအကျကိုစောင့်တာ၊ အခုမှပိုဝယ်တာ”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ ဇန်န၀ါရီလက ပြည်တွင်း ရာဘာဈေးသည် RSS တစ်ပေါင် လျှင်၉၀၀ ကျပ်သာ ဈေးရှိခဲ့သည်။ လက်ရှိအချိန်တွင် ယင်း အမျိုးအစားသည် တစ်ပေါင်လျှင် ၁၂၀၀ ကျပ်ဝန်းကျင်ရှိသည်။ ကမ္ဘာ့ဈေးကွက်တွင်လည်း ရာဘာဈေးသည် တစ်တန်လျှင် ကန်ဒေါ်လာ ၅၀၀ ၀န်းကျင်ဈေးတက်လာသည်။ လက်ရှိအချိန်၌ ရာဘာဈေးသည် RSS အမျိုးအ စားတစ်တန်လျှင် ကန်ဒေါ်လာ ၄၂၀၀ ၀န်းကျင်ရှိသည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်