Subscribe to our RSS Feed

ကျပ်ငွေ ၁၃၂၄ ဘီလီယံကျော်ကို နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းအတွက် ခွင့်ပြု


From : 7 day
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၅

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အစိုးရဌာနအားလုံးအတွက် ကျပ်သန်းပေါင်း ၁၃၂၄၃၉၃ ဒသမ ၆၀၈ (ကျပ်ငွေ ၁၃၂၄ ဘီလီယံကျော်)ကို အစိုးရဌာနများ နောက်ထပ်
သုံးစွဲရန် ခွင့်ပြုသော “နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ”အား နိုင်ငံတော်သမ္မတဦးသိန်း စိန်က ဖေဖော်ဝါရီ ၂၄ရက်တွင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်
သည်။

ခွင့်ပြုလိုက်သည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းသည် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေ (ဘတ်ဂျက်ဥပဒေ) အရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ် သုံးစွဲခြင်းဖြစ်ကြောင်း ဥပဒေကို အသေးစိတ်ဖော်ပြထားသော ဖေ ဖော်ဝါရီ ၂၅ ရက်ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထား သည်။ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရန်အတွက် ခွင့်ပြုလိုက်သော ဌာနများတွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည် ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် ပြည်ထောင်စုအဆင့် ဌာနနှင့်အဖွဲ့ အစည်းများဖြစ်သော ၀န်ကြီး ဌာန ၂၆ ခု၊ တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ၁၄ ဖွဲ့သို့ပေးအပ်သော ထောက်ပံ့ငွေ များအားလုံးပါဝင်သည်။ အထက် ပါဌာနများအားလုံးအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၁၃၂၄၃၉၃ ဒသမ ၆၀၈ (ကျပ် ငွေ ၁၃၂၄ ဘီလီယံကျော်)ကို နောက်ထပ် အသုံးစရိတ်များအတွက် ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အထက်ပါဌာန နှင့် အဖွဲ့အစည်းများမှ သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရ သည့် ပုဂိုလ်အသီးသီးသည် သက် ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်ပြီဖြစ်သည်။ ထိုဥပဒေတွင် နိုင်ငံတော် သမ္မတအတွက် နောက်ထပ်ခွင့်ပြုသည့် သုံးငွေပေါင်း ကျပ်သန်း ပေါင်း ၁၇၇၀၅၀ ကို ငွေလုံးငွေ ရင်း သုံးငွေအဖြစ် ခွင့်ပြုပေးထားသည်ကို တွေ့ရပြီး၊ ကြားဖြတ်ရွေး ကောက်ပွဲကို တာဝန်ခံ ကျင်းပပေး မည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် ကျပ် ၃၀ ဒသမ၄သန်းကို နောက်ထပ် အသုံးပြုရန် ခွင့်ပြုထားသည်ကိုတွေ့ရသည်။

ပြည်ထောင်စုအဆင့် ၀န် ကြီးဌာနများတွင် နောက်ထပ် ခွင့်ပြုသည့် သုံးငွေအများဆုံး ရရှိသောဌာနမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်သည်။ ကျပ်သန်းပေါင်း ၂၇၃၅၀၃ ဒသမ ၄၉၈ ကိုငွေလုံးငွေရင်းသုံးငွေအဖြစ် ရရှိပြီးသာမန်သုံးငွေအဖြစ် ၇၆၇၂ ဒသမ ၁၀၀ ကို သုံးစွဲခွင့်ရရှိ၍ စုစုပေါင်းဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၈၁၁၇၅ ဒသမ ၅၉၈ ကို နောက်ထပ်သုံးငွေအ ဖြစ်ခွင့်ပြုချက်ရရှိခဲ့ သည်။၊ ဒုတိယ အများဆုံးရရှိသော ဌာနမှာ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနဖြစ်ပြီး သာမန်သုံးငွေ အဖြစ် ကျပ်သန်းပေါင်း တစ်သိန်းခုနစ်သောင်း ကျော် (ကျပ်သန်း ၁၇၇၁၀၀ ဒသမ၈၀၈)၊ ငွေလုံး ငွေရင်းသုံးငွေအဖြစ် ၂၃ ဒသမ ၂၂၆ သန်း ခွင့်ပြုချက်ရရှိ ၍ စုစုပေါင်း နောက်ထပ်ခွင့်ပြု သည့်သုံးငွေမှာ ကျပ်သန်း၁၇၇၁၂၄ဒသမ ၀၃၄ ရှိသည်။

တတိယအများဆုံးဌာနမှာ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး သာမန် သုံးငွေအတွက် ကျပ်သန်းပေါင်း၉၉၈၉၅ ဒသမ ၄၉၄ နှင့် ငွေလုံး ငွေရင်း သုံးငွေအတွက် ၆၃ ဒသမ ၀၈၇ ရရှိကာ စုစုပေါင်း ကျပ်သန်း ၉၉၉၅၈ ဒသမ ၅၈၁ ကို နောက် ထပ်သုံးစွဲရန် ခွင့်ပြုချက်ရရှိခဲ့ သည်။ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း ငွေလုံးငွေရင်းသုံးငွေအ တွက် ကျပ်သန်းပေါင်း ၉၁၀၆၉ ဒသမ ၆၇၄ ကို နောက်ထပ် ခွင့် ပြုသည့်သုံးငွေအဖြစ်ရရှိခဲ့သည်။ ပညာရေးဝန်ကြီးဌာနက နောက်ထပ် သုံးငွေအတွက် ၃၈၁ ဒသမ ၈၂ သန်းကို ခွင့်ပြုချက် ရရှိပြီး၊ ကျန်းမာရေးဝန်ကြီးဌာနက ၁၁၈၆ ဒသမ ၇၇၇ သန်းရရှိ သည်။

အစိုးရက ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေကို ပြဋ္ဌာန်းကာ အသေးစိတ်စာရင်းကို နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်ပေးမှုမှာနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ် ကြောင်းလည်းသိရသည်။ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ (ဘတ်ဂျက်)ကို ဇန် န၀ါရီ ၂၇ ရက်တွင် နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ပေးခဲ့သည်။ ထိုသို့ ဥပဒေထုတ်ပြန်ပြီး နောက် လအနည်းငယ်အတွင်း အရေးကြီး သောစီမံကိန်းများ ပြီးစီးအောင်ဆောင်ရွက် ရန်နှင့် လောလောဆယ် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချရန် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ လိုငွေ ကျပ်သန်းပေါင်း ၅၅၃၂၀၂ (ကျပ် ၅၅၃ ဘီလီယံကျော်) ကို လျှော့ချခဲ့ကြောင်း ဇွန်လ ၂၂ ရက်ထုတ်နိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြထားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်