Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ကာလအတွင်း ဆွဲကြိုးချသေဆုံးသူ ငါး ဦးရှိ

NLD ပါတီကို မှတ်ပုံတင်ပြီးနောက် စည်းရုံးရေးလုပ်ငန်းတွေကို သဲကြီးမဲကြီး လုပ်ဆောင်နေစဉ်ကာလမှာပဲ ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေး၍ အသက် ၅၅ နှစ် အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု အပါအ၀င် ဖေဖော်ဝါရီလအတွင်း ဆွဲကြိုးချဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူမှာ ဦး....(၅၅)နှစ်၊ ကန်ထရိုက်တိုက် အလုပ်သမား၊ စမ်းချောင်းမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ငွေကြေး အဆင်မပြေသဖြင့် သေတမ်းစာရေးသားကာ ရှစ်ပေခန့် မြင့်သော ကွန်ကရစ်တုတ်တန်းတွင် ၁၀ ပေခန့်ရှိ အစိမ်းရောင်နိုင် လွန်ကြိုးအား လည်ပင်းတွင်စွပ်လျက် ဦးခေါင်းတွင် ကြွပ်ကြွပ်အိတ်စွပ်၍ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဒဂုံတောင်မြို့နယ် ၁၈ ရပ်ကွက်၊ မောင်းမကန် ကန်သာလမ်းရှိ နေအိမ် တစ်အိမ်တွင် သွေးတိုးရောဂါနှင့် အခြားရောဂါများ ခံစားနေရသူ ဦး..... ၆၂ နှစ် မှီခိုမှာ ၎င်းနေထိုင်သည့် နေအိမ်အောက်ထပ် အမြင့်ရှစ်ပေခန့်ရှိ တုတ်တန်းတွင် အရှည်ရှစ်ပေလုံးပတ် တစ်မတ်လုံးခန့် နိုင်လွန်ကြိုးဖြင့် ချည်နှောင်လျက် ဆွဲကြိုးချသေဆုံးနေပြီး ခြေထောက်တစ်ဖက်မှာ ကြမ်းပြင်နှင့် ရှပ်ထိကာ ကျန်တစ်ဖက်မှာ အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့်တစ်ပေခန့်ရှိ သစ်သားစားပွဲ ပေါ်တွင်တင်လျက် စားပွဲခုံပုပေါ်တက် ၍ဆွဲကြိုးချ သေဆုံးသည့်အနေအထား တွေ့ရှိပြီး သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်နေပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဒဂုံမြောက်မြို့နယ် ၄၈ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင် အပေါ်ထပ်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦး... ၄၈ နှစ်ဖြစ်ပြီး ၎င်းသည် စီးပွားရေး အဆင်မပြေသည့်အပြင် ငှား၍ ဖွင့်ထားသည့် ပစ္စည်းအဟောင်းဆိုင်အား ဦးလေးဖြစ်သူ ဦး .... မှ ဖယ်ရှားခိုင်းသဖြင့် စိတ်ညစ်ပြီးအမြင့် ကိုးပေရှိတုတ်တန်းတွင် ပလတ်စတစ်ကြိုး အသေးများ ကျစ်ထားသည့် ငါးမူးလုံးခန့် အရှည်ခုနစ်ပေခန့်ရှိ ကြိုးအား လှေကားလက်တန်းပေါ်ချည်ကာ ဆွဲကြိုးချ သေဆုံးနေကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကို သက်သေလောက်တဲ့အထိ စည်းပွားရေးအဆင်မပြေသူတွေ အများကြီးရှိနေတာကြောင့် နိုင်ငံတော် သမ္မတကြီးက စီးပွားတိုးတက်ရေးကို အလျှင်အမြန်ဦးစားပေး အဓိက ထားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေးနဲ့ ပြည်ပမှ အကူအညီအထောက်အပံ့များရရှိရေးအတွက် ဦးစားပေးဆောင်ရွက်မှုတွေ၊ လိုက်လျောမှုတွေနဲ့ တောင်းဆိုမှုကို အစိုးရဖက်က လုပ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စီးပွားပိတ်ဆို့မှုကို အခုချိန်ထိ အားပေးနေတုန်းဖြစ်ပါတယ်။

သည်းခံကြပါ သည်းခံကြပါ.. နေပူထဲမှာ သည်းခံကြပါ
ကျွန်မက အင်္ဂလန်ပြန်မို့ နေပူမခံနိုင်လို့ပါ




Myanmar Express

4 comments:

အဘွားကြီးတော့ သေရင်ငရဲပဲ။ မလွဲဘူး။

stupid woman ကြီးပဲ... တလွဲဆံပင်ကောက် နေတာပဲ..မာလာဝင်းဆိုတဲ့အဖွားကြီးတော့... အဆိပ်ပင်ရေလောင်းနေသေး...

အခုလို မြန်မာပြည်သူတွေ စီးပွားရေးအဆင်မပြေတာ ၊ ငတ်ပြတ်နေသူတွေ ရှိတာ ဝန်ခံသွားတဲ့အတွက် MEG ကို ကျေးဇူးတင်ရှိပါတယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်