Subscribe to our RSS Feed

ကြားဖြတ်သည် လွတ်လပ်မျှတလိမ့် မည်ဟုNDFဆို


From : ပေါ်ပြူလာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟု ယုံကြည်ရကြောင်း အမျိုးသား ဒီမိုက ရေစီအင်အားစုခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

”ကော်မရှင်ကတော့ fair and open ဖြစ်အောင် ကြိုးစားမယ်လို့ ကတိပေးထားတာပဲ။ စောင့်ကြည့်ရမှာပေါ့။ ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်”ဟု ဦးခင်မောင်ဆွေက ပြောသည်။ယင်းသို့ ယူဆရခြင်းမှာ ယနေ့ ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှု မှာ ၂ဝ၁ဝ ခုနှစ်ထက်စာလျှင် သိသိသာသာမြင့်တက်လြာ ခင်းကို တွေ့နေ ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။သို့ရာတွင် သတိထားစောင့်ကြည့်ရမည့်အရာများနှင့် ပတ်သက်၍ လည်း ” ပြီးခဲ့တဲ့ ရွေးကောက်ပွဲကထက်စာရင် အများကြီးလွတ်လပ် ပွင့်လင်းလာမှာပါ။ ဒါပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေ ဆက်ဖြစ် မလဲဆိုတာတော့ မသိဘူးပေါ့”ဟု ၄င်းကပြောသည်။ မဲပေးမည့်နေ့တွင် မဲရုံကို ကြီးကြပ်မည့်သူများအပေါ် သြဇာအာဏာဖြင့် မမှန်မကန်ခိုင်းစေခြင်း မရှိစေရန်လည်း ဝိုင်းဝန်းစောင့်ကြည့် သတိထား သွားရမည်ဟု ဆိုသည်။ NDF အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ၄င်းက ပြောသည်။
ကျော်ရဲလင်း

Myanmar Express

1 comments:

စောင့်ကြည့်စရာမလိုပါဘူးဗျာ...
မျှတပြီးသားပါဗျာ....
ပြည်သူလူထုကိုယုံကြည်လိုက်စမ်းပါဗျာ...
မယုံရင် အကုန်လုံးလာစောင့်ကြည့်ခွင့်ပေးလိုက်ဗျာ...
ပါးစပ်တွေပိတ်သွားအောင် video / photo ရိုက်ခွင့်ပါပေးလိုက်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်