Subscribe to our RSS Feed

ရေပိုင်နက်ပြဿနာနှင့် ပတ်သက်ပြီး NLD သို့ အိပ်ဖွင့်ပေးစာ

From : ဆုပန်ကလျာ

ယခုအပတ်အတွင်း သတင်းထူးတစ်ပုဒ်ပါလာပါသည်.......။
မြန်မာ-ဘင်္ဂလားရေပိုင်နက် ကိစ္စဖြစ်ပါသည်။
အဖွဲ့ဝင် (၂၃)ဦးပါသော နိုင်ငံတကာခုံရုံးမှ
စိန့်မာတင်ကျွန်းနှင့် ကျွန်းတ၀ိုက်ရေမိုင်(၂၀၀)အား ဘင်္ဂလားသို့ လွှဲပြောင်းပေးကြောင်းသတင်းဖြစ်ပါသည်။
ဘင်္ဂလားမှ ဂက်စ်များ တူးဖော်ရရှိပြီ ဖြစ်ကြောင်းလည်း ကြေငြာလိုက်သည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံမှ ဂက်စ်စတင်တူးဖော်သော (၂၀၀၈)ခုနှစ်တွင် ဘင်္ဂလားက စတင်ကန့်ကွက်သည်။
စစ်ရေးအရ ပြင်ဆင်မှုများပင် ဖြစ်ခဲ့သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံး ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး
(International Tribunal for the Law of the Sea) က မတ်လ (၁၄ )ရက်နေ့တွင်
သတ်မှတ်ပေးလိုက်သည်........တဲ့။

အစိုးရမှ မည်သို့ ဖြေရှင်းသည်လည်း ကျွန်တော် မသိပါ.......
ထို့အတူ အထူးခုံရုံးကလည်း မည်သည့်အထောက်အထားနှင့် ဆုံးဖြတ်သည်လည်း ကျွန်တော်တို့ မသိရပါ။
ကျွန်တော်တို့ သိသည်မှာ ကျွန်တော်တို့ နိုင်ငံပိုင် ကျွန်းနှင့် ရေပိုင်နက်အား ဆုံးရှုံးလိုက်ခြင်းပင် ဖြစ်ပါသည်။
ထိုပိုင်နက်ထဲတွင် ဂက်စ်သိုက်ကြီးလည်း ပါဝင်သွားပြီ ဖြစ်ပါသည်။
ထိုဂက်စ်သိုက်ကြီးမှ ရရှိသော ၀င်ငွေဖြင့် တစ်နိုင်ငံလုံး၏ ပြည်သူများအတွက် ကဏ္ဍတစ်ခုကို သီးသန့် တာဝန်
ယူနိုင်သော ၀င်ငွေကို ရရှိမည်ဖြစ်ပါသည်။ (ဥပမာ.... အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ ပညာ
သင်ကြားရေး တို့အတွက် ဖြစ်ပါသည်။ အခုတော့.........

အားကိုးစရာလဲ မရှိတော့ပြီ........ ပြည်တွင်းမှ တရားဝင် ထုတ်ဝေနေသော ဂျာနယ်များနှင့် စာစောင်များတွင်
ယခု သတင်းအား ဖော်ပြလာခြင်း မရှိပါ။ ပြည်သူများ သိလဲ မသိရပါ.......

ယခုအချိန်တွင် ကျွန်တော်၏ သဘောဆန္ဒသက်သက်ဖြင့် တင်ပြရပါလျှင် ဤကိစ္စအတွက် မည်သူတွေဆောင်ရွက်
ပါမည်နည်း။ မိမိနိုင်ငံပိုင်နက်ကို မည်သူ ကာကွယ်ပါမည်နည်း။

NLD မှ တာဝန်ယူဆောင်ရွက်မည်လား၊ သို့တည်းမဟုတ် ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေး
ပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊ လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တစ်ဖွဲ့မှ
အသံထွက်မလာပါ.......

အသံထွက်ရန် နေနေသာသာ သတင်းကိုပင် ပြည်သူများ တိတိကျကျ မသိရပါ.... စိတ်ပျက်ဖွယ်ရာကောင်းလှ
ပါသည်။

လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ဧ၀ရက်တောင်ထိပ် အမှတ်တံဆိပ်စိုက်ရန်နှင့် လုံထိန်းဖြုတ်ရန်သာ
စဉ်းစားတင်ပြနေကြသဖြင့် ပယ်ပါသည်။

(၈၈)မျိုးဆက်....... အထင်ကြီးလောက်စရာ ဆောင်ရွက်နိုင်မှု မရှိသဖြင့် ပယ်ပါသည်။

ကျော်ကြားသော နိုင်ငံရေးသမား၊ အကြံပေးပုဂ္ဂိုလ်၊ (၈၈)မျိုးဆက်၊ (၇၅)မျိုးဆက်၊ ဟိုပညာရှင်၊ ဒီပညာရှင်၊
လုပ်ငန်းရှင်၊ ဘာအဖွဲ့၊ ညာအဖွဲ့ စသည်ဖြင့် တောင်စဉ်ရေမရများကိုလည်း ပယ်ပါသည်။

ဤသို့ဆိုလျှင် နှစ်ပေါင်း(၂၃)နှစ်ခန့် အစိုးရကို အံတုလာသော၊ ပြည်သူလူထုက အားကိုးယုံကြည်နေသော
မျှော်လင့်နေသော NLD ကိုတော့ဖြင့် စဉ်းစားမိပါသည်။

NLD ဘာလုပ်မည်နည်း။

NLD သည် (၂၃)နှစ်ခန့် Euro နှင့် USA ကို ကျောထောက်နောက်ခံ ပြုထားသဖြင့် လက်ရှိ ဘာမှန်းမသိ
ဖွဲ့စည်းထားသော ခုံရုံး အဖွဲ့ဝင်(၂၃)တွင် (၂၀)ဦးပါဝင်သော ယူရိုအဖွဲ့အား အာခံရဲပါမည်လား......

စဉ်းစားစရာဖြစ်လာပါသည်။

ဤကာလသည် ကြားဖြတ်ရွေးကောက်ပွဲကာလ ဖြစ်ပါသည်။

ဤကာလအတွင်း NLD သည် မိမိ၏ တိုင်းပြည်အပေါ်တွင် ထားရှိသော စေတနာကို ပြသင့်ပါလျှက်
မည်သည့်အတွက်ကြောင့် ရေငုံနှုတ်ပိတ်နေပါသနည်း။


NLD ရေငုံထားလို့ နှုတ်ပိတ်နေသည်


ယခု ဆုံးရှုံးလိုက်ရသော ပိုင်နက်သည် ရေပြင် သယံဇာတကြွယ်ဝသော နေရာဖြစ်သည့်အပြင်
ဘိုးဘွားစဉ်ဆက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပေါ်ပေါက်မလာခင်ကပင် မြန်မာတို့ ပိုင်ဆိုင်ခဲ့သော
ပိုင်နက်ဖြစ်ခဲ့ပါသည်။

အထောက်အထားမဲ့ ယုတ္တိမဲ့စွာ ငြင်းယူသော နိုင်ငံဘက်မှ မိမိနိုင်ငံအပေါ် အမြင်မကြည်သော မဆီမဆိုင်
ဥရောပ ခုံရုံးက ၀င်ရောက်ဆုံးဖြတ်သွားသော ကိစ္စ ဖြစ်ပါသည်။

ဘာလုပ်ကြမည်နည်း........ ကျွန်တော်လဲ မသိပါ။ ကျွန်တော် သိသည်မှာ ခံပြင်းပါသည်။ ယူကျုံးမရ
ဖြစ်ပါသည်။ နိုင်ငံတော်ကို ကာကွယ်ရင်း သေဆုံးသွားသူများ၊ သွေးများ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်း
များကို မြင်ယောင်လာမိပါသည်။ ဘိုးဘွားများကို အားနာမိပါသည်။

သို့သော်....... ကိုယ်တိုင်လဲ မစွမ်းသာပါ..... စွမ်းဆောင်နိုင်သူများကိုတော့ဖြင့် တောင်းပန်ချင်ပါသည်။
ကျွန်တော်တို့ မြေကို ပြန်ယူပေးကြပါ........ဟု။

NLD ကို တောင်းပန်ပါသည်။ NLD ကို အကူအညီတောင်းပါသည်။
တိုင်းပြည်ကို တကယ်ချစ်လျှင်....... ကျွန်တော်တို့မြေကို ပြန်ယူပေးပါ............ခင်ဗျား

Myanmar Express

8 comments:

St. Martin Island is not ours since independence and so we r not lossing our island...but we got less than what we expected, luckliy bangladesh didn't get as they claimed before...

စောက်ကုလားကို စစ်ကြေငြာလိုက်တော့ဗျာ-- တိုက်မယ်---------

NLD and aung san su kyi ,, they 're too busy for ""sit"",, all our
country( Union of Myanmar) , lose, lost, saparate ,, she don't
care,,

အေးဆေးပေါ.. တိုက်ရမှာပေါ.... ဇာတ်ကားထဲ့လို ဒေါ်စုကို အရင်တက်ခိုင်းလိုက်လေ ပြီးမှ ကျွန်တော်တို. လိုက်ကြမယ် အဲလိုမကောင်းဘူးလား ကိုယ်တော်ချောတို...... အိုကေ

ဒီကိစ္စက လွယ်လွယ်တော့ မဟုတ်ဘူး. အဖက်ဖက်
က ကြိုတင်ပြင်ဆင်ရလိမ့်မယ် ။ အထောက်အထား ၊
ဥပဒေ အကိုးအကား ကျွမ်းကျင်ပိုင်နိုင်ရမယ် ။ ကုလားဆိုတာမျိုးက ကလိမ်ကကျစ်ဥာဏ်
ကောင်းတဲ့အမျိုး ။ အင်္ဂလိပ်တွေတောင် ခံနေရတာကို ။ ကုလားရှေ.နေဆိုလည်း ပိုက်ဆံသာပေး
ဥာဏ်နီဥာဏ်နက်ထွက်ပ ။ အမှန်အတိုင်းပြောရရင်
ကိုယ့်နိုင်ငံအတွက် မကျေနပ်ပေမယ့် ကျမ ဥပဒေ
နားမလည်ပါ ။ ရှေးက သမိုင်းဖြစ်စဉ် ဃဃနန မသိပါ။
တကယ်တော့ ဥပဒေဆိုတာ ကျွမ်းကျင်ပိုင်နိုင်ရင်
လက်တလုံးခြား လှည့်လို.ရသလို ၊ တရားခံက
တောင် တရားလို ပြန်ဖြစ်နိုင်ပါသေးတယ် ။
ကျမတို. ပိုင်နက်မှန်ခဲ့ရင်တောင် တနေရာမှာ
လွဲချော်သွားတာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါလိမ့်မည်။
ဒါကြောင့် ဥပဒေ နားလည် ကျွမ်းကျင်သူ မျိုးချစ်များ
ကို နိုင်ငံအတွက် ပါဝင်ကူညီဖို. ပြောချင်ပါတယ် ။
ဆုံးဖြတ်ချက်ချရာတွင် အသုံးပြုခဲ့တဲ့ ဥပဒေ ပုဒ်မ များ
ကိုလည်း အဲ့ဒီ ကျွမ်းကျင်သူများ လေ့လာနိုင်အောင်
ဖော်ပြပေးစေချင်ပါသည် ။
ဒီအရေးဟာ ဟိုလူ.လက်ညှိုး၊ ဒီလူ.
လက်ညှိုးထိုးရတော့မယ်
အချိန်မဟုတ်ပါ ။ ကိုယ့်မြေ ကိုယ့်ရေ မပဲ့ရလေအောင်
ဝိုင်းဝန်းကြိုးစားကြပါလို. မေတ္တာရပ်ခံချင်ပါတယ်။

SV

nld are cowards and never good for country...we have owned this territory before Bangladesh country was there...the western countries are always sh its.

စောက်သုံးမကျတဲ့ ဗမာယောင်္ကျားတွေ
ဒေါ်စုစင်ပေါ်တက်ရင် အောက်ကမော့ကြည့်
လက်ခုပ်တီးဖို့လောက်ရယ်
ကိုယ့်အချင်းချင်းပြန်ဆော်ဖို့လောက်ရယ်ပဲ ဥာဏ်ရှိတယ်
မင်းတို့ယောင်္ကျားတွေဆို စစ်တပ်ထိုင်အားကိုးမယ့်အစား
မင်းတို့ကိုယ်တိုင် လက်နက်ဆွဲ ကုလားကို တိုက်ပါလား
ဘာမဆို စစ်တပ်ကို စောက်တင်းပြော
နင်တို့ကကော ဘယ်လောက် စောက်သုံးကျလို့လည်း
အခု ထွက်ကြလေ
တိုက်ကြပါလား
စောက်လေပဲ ပေါတဲ့ စောက်ကောင်တွေရေ့
ယောင်္ကျားတွေ ရှိသမျှ အကုန်ထွက်ကျလေ
နင်တို့ စစ်တပ်ကိုပြောတာ စောက်ပါးစပ်ပိတ်
ကိုယ်တိုင်ရရာလက်နက်ဆွဲတက်ပါလား
စောက်သုံးမကျဘူး အဲဒါမျိုးဆို
ကုလားမယားကိုကျ ထမီစခိုဖို့ပဲ

စစ်မှုးထမ်းဥပဒေကို လုပ်ဆောင်ရမယ် ကိုယ့်မြေကိုယ်ရေးကို
ကာကွယ် ရမယ် ကြာရင်မြန်မာမိန်းမတွေ့ ကုလားမယားဖြစ်တော့မယ်
ကိုးရီးယာ နိုင်ငံမှာမင်းသာကအစ ထမ်းဆောင်ရတယ် ဒီနိုင်ငံမှာလည်
ရှိသင့်တယ် ဒါမှာကိုယ့်နိုင်ငံကို ကာကွယ်တတ်ကြမှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်