သတင်းလိမ်မှုများကြောင့် အစိုးရ ဆန့်ကျင်ရေး မီဒီယာ တစ်ခုဖြစ်တဲ့ ဘီဘီစီ ကို လူအများ ဆန္ဒပြအပြီး၊ ငွေကျပ် သိန်း သုံးထောင် ကျော် အလွဲသုံးစား လုပ်မှု ကြောင့် DVB နဲ့ Burma VJ တို့ကို ပြည်သူအများ ရှုံ့ချခဲ့အပြီး မှာ အခု တခါမှာတော့ သတင်းလိမ်မှုကြောင့် ပြည်တွင်း ဂျာနယ် တစ်ခု ဖြစ်တဲ့ The Voice ဂျာနယ်လည်း အရေးယူခံရတော့မယ်လို့ သတင်းရရှိပါတယ်။
မတ် ၁၂-၁၈ ရက်စွဲ နဲ့ထုတ်ဝေ ရောင်းစားခဲ့တဲ့ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃) မှာ ""ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲ သုံးစားမှုများ စစ်ဆေးတွေ့ရှိ'' ဆိုတဲ့ ခါင်းစဉ် နဲ့ ရေးထားတဲ့ သတင်းမှာ သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ပတ်သက်ပြီး မမှန်မကန် လိမ်လည်ဖော်ပြမှုတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ စာနယ်ဇင်း တွေဟာ နိုင်ငံတော်ရဲ့ စတ္ထုထဏ္ဍိုင်ြဖစ်ပြီး ပြည်သူ့အကျိုး စီး ပွား အတွက် မျက်နှာ မလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာပေါ် အခြေခံပြီး တိကျမှန်ကန်တဲ့ အပြုသဘောဆောင် ရေးသားရမှာဖြစ်ပါတယ်။ ဒါမှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်(၃)ရပ်အပါအဝင် ဌာနဆိုင်ရာ ၊ အသင်း အဖွဲ့ ၊ လူပုဂ္ဂိုလ်များ အနေနဲ့ မဒီယာရဲ့ အပြုသဘောဆောင် တဲ့ ထောက်ြပ၊ ပြုပြင၊် တည့်မတ်မှုတွေအပေါ် တန်ဖိုးထားပြီး လိုအပ်တဲ့ တည့်မတ် ပြုပြင် ထိမ်းသိမ်း အရေးယူမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒီနေ့လို့ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်မှာ စာနယ်ဇင်း ကျင့်ဝတ်နဲ့မညီ အပြုသဘောမဆောင၊် ဂုဏ်သိက္ခာ မရှိ တဲ့ အရေးအသားများနဲ့ ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂိုလ် တွေ အပေါ်မှာ မမှန်မကန် စွပ်စွဲရေးသား ပါက တည်ဆဲဥပဒေများနဲ့ အညီ တရားစွဲ ခံရမှာ ဖြစ်ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာန ဟာ The Voice ဂျာနယ် မှာ ဖော်ပြသလိုမျိုး ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်းလိမ်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝ မရှိခဲ့ကြောင်း၊ The Voice ဂျာနယ်မှာ ရေးထားတဲ့ သတ္ထုတွင်းဝန်ကြီးဌာန နဲ့ စပ်လျဉ်းတဲ့ ရေးသားချက်တွေဟာ မှန်ကန်မှု မရှိ ပဲ သတ္ထုတွင်း ဝန်ကြီးဌာန ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီး လူထု ရဲ့ ယုံကြည်အားထားမှုကို လျော့စေ တဲ့အတွက် The Voice ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းရေးသူ တို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာန မှ အရေးယူ မယ့်အကြောင်းကို ၁၄ ရက်နေ့ထုတ် မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
The Voice ဂျာနယ်ဟာ စတင် ထုတ်ဝေ တာ တစ်နှစ်ကျော်သာ ရှိသေးပြီး သတင်းလိမ်မှု၊ သတင်းထိမ်ချန်မှု နဲ့ ဘက်လိုက်ဖော်ပြမှု တွေ ကြောင့် နာမည်ပျက် နဲ့ ကြော်ကြားနေတဲ့ ဂျာနယ် တစ်ခုဖြစ်ပါတယ်။ ထို မကောင်းတဲ့အကျင့်များ၊ မီဒီယာ ကောင်း ကျင့်ဝတ်နဲ့ မညီမှုများကြောင့် The Voice ဂျာနယ်ကို ပြည်သူအများက မကျေမနပ် ဖြစ်နေကြောင်းလည်း သိရပါတယ်။ အခြား စာနယ်ဇင်းများကလည်း The Voice ဂျာနယ် ရဲ့ လူပြိန်းကြိုက် လုပ်ရပ်တွေက စာနယ်ဇင်း လောက ကို ပြည်သူလူထုက အယုံကြည် ကင်းမဲ့လာတာကြောင့် The Voice ဂျာနယ် ကို ထိမ်းသိန်း တည့်မတ်ပေးဖို့ ကြိုးစားနေကြတယ်လို့လည်း စာနယ်ဇင်းလောက မှ သတင်းများအရ သိရပါတယ်။
Myanmar Express

8 comments:
eleven journal ကိုလဲ အရေးယူသင့်ပါတယ်
order to close all journals
အစိုးရကို အဆိုးမြင်ဝါဒီနဲ့ရေးမှ ရောင်းကောင်းမယ်ဆိုတဲ့စိတ်ကို ဂျာနယ်တိုင်း ဖျောက်သင့်တယ်ထင်ပါတယ်
ဘီ ဘီ စီ ပြီး ရင် ဗွီ အို အေ အ လှည့် ပေါ့
BBC ပြီး ရင် VOA အ လှည့် ပေါ့ DVB က အမြဲ တန်း စော် ကား နေ တဲ့ ကု လား (၂) ကောင် နဲ့ ထိပ် ပြောင် ကို မြန် မာ ပြည် ပြန်လာ ခိုင်း ပြီး နား ရင်း ရိုက် ပစ် မယ်
see how first
လျော်ကြေး သိန်း၂၀၀လောက်ပဲတောင်းလိုက် ပါ မှတ်သွားပါလိမ့်မယ်
The Voice ရေ
မင်းတို့ရေးတဲ့ ၀န်ကြီးဌာနအချို့ရဲ့ အလွဲသုံးစားမှုဆိုတဲ့ သတင်းတွေဟာ အကုန်မှန်ရဲ့လား ၊ မမှန်တဲ့ဌာနကတော့ ဘယ်ခံမလဲ ဥပဒေအရ တုံ့ပြန်မှာပေါ့
ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက စာရင်းစစ်ချုပ်ရုံးရဲ့ စာပါ အကြောင်းအရာတွေကို ပြည်သူတွေ အကျိုးအတွက် လွှတ်တော်မှာ ဆွေးနွေးနေဆဲလို့ သိရပြီး မပြီးပြတ်သေးတဲ့ကာလ ပေါက်ကြားတာမို့ အဲဒီကော်မတီမှာ တာဝန်ရှိမယ်။ ဥပဒေလည်း ရှိပါတယ် သတင်းပေါက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ရင်ဆိုင်ကြ ရမယ်ထင်တယ်
Weekly နဲ့ The Voice မှာပါတဲ့ သတင်းဟာ သူတို့အပြောအဆိုအရတော့ လွှတ်တော် ကိုယ်စားလှယ်တွေက နာမည်ကြီးချင်လို့ ထုတ်ပြောတာ ဖြစ်ရင်လည်းဖြစ်မယ် မသမာတဲ့ စိတ်နဲ့ လုပ်တာဖြစ်ရင်လည်းဖြစ်မယ် အမှတ်မထင် ပေါက်ကြားတာလည်း ဖြစ်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပေါက်ကြားတာ ပေါက်ကြားတာပဲ ပြည်သူတွေက ရွေးတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို ပိုပြီးလိုက်နာရမယ်လို့ ထင်တယ်။ အခုလို သတင်းပေါက်တာ သတင်းထွက်လာတာတွေကို ဆုံးမဖို့ ဥပဒေ တွေရှိကြောင်း သိရသည်။
ဖြစ်စဉ် အကြောင်းအရာခြင်းအတူတူ Weekly က အပြုသဘောဆောင်ရေးတယ်၊ The Voice ကတော့ နိုင်ငံတော် အုပ်ချုပ်ရေးနဲ့ တည်ဆောက်ရေးမှာ ပါဝင်နေတဲ့ ၀န်ကြီးဌာန တွေရဲ့ ဂုဏ်သိက္ခာကို ထောက်ထားမှုမရှိဘဲ ရေးထားတာကိုတွေ့ရတယ်။ စာနယ်ဇင်း ဟာ ပြည်သူရဲ့ နားမျက်စိဖြစ်ပြီး သတင်းမှန် အချက်အလက်မှန်တွေကို ဖော်ပြထောက်ပြ ဖို့ တာဝန်ရှိတယ်။ ပြည်သူကရွေးချယ်ပြီး ပြည်သူ့လွှတ်တော်ထဲရောက်နေပေမယ့် ကျင့်ဝတ်သိက္ခာ မထိန်းဘဲ ပြည်သူ့အကျိုးကို ဆောင်လေသယောင်ယောင် လူအထင်ကြီး အောင် အရေခြုံအရောင်ဆောင် နိုင်ငံရေးသမားအချို့ရဲ့ ဆင်ခြင်တုံတရားမရှိ ပြောဆိုနေ မှုအပေါ် သတိပြုရေးသားသင့်တယ်။ စာနယ်ဇင်းတွေ ရောင်းကောင်းအောင်လုပ်မနေနဲ့ တော့။ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့သူတွေဟာ တရားဥပဒေတုတ်က ရိုက်ပါလိမ့်မယ်။ ပြည်သူတွေကို မှန်ကန်တဲ့ သတင်းတွေရေးပါ၊ ပေးပါ ဖိရေးတာ ဖွရေးတာတွေ လုပ်တာ Black Journalist ဘဲ အမည်းသတင်းသမားတွေ ခေတ်ကုန်သွားပြီလို့ ၀ါရင့်သတင်းစာ ဆရာ ဝေဖန်ရေးဆရာတွေက ပြောနေကြပါသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်