From : Kachindailynews
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာသူ ကချင်အမျိုးသားတစ်ဦးသည် အေးမြသာယာအုပ်စု မှော်မောင်းလျှံ တွင် ရေမဆေးကျောက်ရှာဖွေရန်သွားစဉ် မနေ့မနက်၈နာရီခွဲလောက်မှာ ရပ်ကွက် အထွက်တွင် ကေအိုင်အေမှ ထောင်ထားသော မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ပါသည်။ ဒဏ်ရာ ရရှိတဲ့သူ ကို ဒေသခံများက ဖားကန့်ဆေးရုံးသို့ ပို့ဆောင်ကုသမှုကိုခံယူစေကြောင်းသိရှိရပါသည်။
ကေအိုင်အေမိုင်းကြောင့် ဖားကန့်မြို့အတွင်း ထိခိုက်ဒဏ်ရာရသူ၊ ခြေလက်အင်္ဂါဆုံးရှုံး သွားခဲ့တဲ့သူတွေ ကမရေမတွက်နိုင်အောင်ဖြစ်နေရပါသည်။ အရင်တုန်းက အေးချမ်းစွာနဲ့ အသက်မွေး ၀မ်းကျောင်းပြုနိုင်တဲ့ မြို့ တစ်မြို့ဖြစ်ခဲ့ပေမယ့် အခုတော့ ကချင်ပြည်နယ်ထူထောင်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ပျက်စီးခြင်းများ စွာရောက်ရှိနေရပြီးလို့ ဖားကန့်မြို့ခံ တစ်ဦးက ပြောကြားခဲ့ ပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်