Subscribe to our RSS Feed

ရွှေဘိုခရိုင်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို ဒေသခံ ပြည်သူများနှင့် တပ်မတော်သားများ ပူးပေါင်းရှင်း လင်းလျက်ရှိ

From :  မြ၀တီ


 စစ်ကိုင်းတိုင်း ဒေသကြီး နယ်မြေ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ရွှေနှုန်းတိုး စေတီလေးဆူနှင့် ကျောင်းဆောင် လေးဆောင်၊ ရွှေတိုက်ကျေးရွာရှိ ရွှေဘုံသာ ဘုန်းတော်ကြီး ကျောင်းဆောင်နှင့် စေတီ ပုထိုးများ၊ မလားကျေးရွာနှင့် မခေါက်ကျေးရွာများရှိ သာသနိက အဆောက်အအုံများ ငလျင်ဒ ဏ်ကြောင့် ပျက်စီးမှုများကို ဒေသခံ ပြည်သူများနှင့် တပ်မတော်သားများ ပူးပေါင်း၍ ဆယ်တင် ရှင်းလင်းခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးနေမှုအား နိုဝင်ဘာ ၂ဝ ရက်က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးလွင်တို့မှ လိုက်လံကြည့်ရှု အားပေးပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ရွှေဘိုမြို့ မောဓောမြင်သာ မြို့ထောင့် စေတီဘုရား ပြိုကျပျက်စီးမှုအား တပ်မတော်သားများမှ ဆယ်တင် ရှင်းလင်းခြင်း၊ ပြန်လည်ပြုပြင်ရန် ငြမ်းဆင်ခြင်းနှင့် ထီးတော်အား မြေသို့ပင့်ဆောင်ရန် စီစဉ်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်