Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်ဖြင့် နေရာချင်းသာလဲလိုက်ချင်ပါသည် (ပေးစာ - ၂၁၇)

From :  May Thit Lwin


ဒေါ်စု..လူထုခေါင်းဆာင်..ဒေါ်စုလူတော်တော် များများကို လိုက်မေးဖူးပါသည်။ ဒေါ်စုကို ဘာကြောင့် ချစ်တာလဲ..ဒေါ်စုကို ဘာကြောင့် လေးစားတာလဲ..ဒေါ်စုက ဘာလို့ လူထုခေါင်းဆောင်ဖြစ်တာလဲ…တော်တော်များများက တစ်ပုံစံထဲပဲ ဖြေကြပါသည်…
စိတ်ဓါတ်မာလို့..ယုံကြည်ချက်ပြင်းထန်လို့..ပေးဆပ်ခဲ့ရတာ များလို့..ကြံခိုင်လို့… အဲလိုသာဖြေသွားကြပါသည်
((စိတ်ဓါတ်မာတယ်……ယုံကြည်ချက်ပြင်းထန်လို့…….ပေးဆပ်ခဲ့ရတာ .များလို့…….ကြံခိုင်လို့………………………..)) အင်းးးးးးးးးးးး စဉ်းစားကြည့်တော့ ဟုတ်သလိုလို..နေအိမ်အကျယ်ချုပ်နဲ့ အနှစ်နှစ်ဆယ်ကျော် မိန်းမသားတစ်ယောက်ထဲ နေထိုင်ခဲ့ရတယ် တော်ရုံ စိတ်ဓါတ်နဲ့ ဘယ်ဟုတ်ပါ့မလဲ…အဲလိုတွေ ဝေမိတယ်..
ထပ်ပြောကြပါတယ်… အမေက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဲ့
အနော်လဲ မရှင်းလို့ ထပ်မေးမိပါတယ်.. ဘာလို့ နိုဘယ်ဆုရတာလဲ လို့
ဖြေကြပါတယ်….. နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရလို့ပါ တဲ့
အနော်လဲ အထွန့်တက်မေးမိတယ်.. ဒါဆိုဘာလို့ တသက်တကျွန်းတွေ .. တွေ နိုဘယ်ဆို မရတာလဲလို့
အဲလူတွေက အနော့်ကို မျက်စောင်းထိုးပြီး စကားပြောရတာ လက်ပေါက်ကတ်တယ် မပြောတော့ဘူးဆိုပီး ထားခဲ့ကြတယ်
သူတို့ နဲ့ ဆက်မပြောတော့ ပေမဲ့ ကိုယ်တစ်ယောက်ထဲ ခေါင်းထဲမှာ အတွေးတွေရော မေးခွန်းတွေရော တစ်ပုံတပင်ကြီးကျန်နေခဲ့တယ်

အမေး
======

သူနိုဘယ်ဆုကြီး ရခဲ့ပြီ ………………………………………..

(၁) အခုလက်ရှိမှာ ဆုနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်ပြီးပြီလား.. လုပ်ဆောင်နေပြီလား?

(၂) မောင်နှမ နှစ်ယောက်ထဲတောင် အဆင်မပြေတာ ကမ္ဘာအလည်မှာ အဆင်ပြေအောင် နေနိုင်ဖို့က ယုံတမ်းစကားတွေလား?

(၃) အခု လက်ရှိ လွှတ်တော်တွင်းရော ဘယ်လောက်အတိုင်းအတာအထိ စွမ်းစွမ်းတမံ အကြံဥာဏ်များနဲ့ ၀င်ရောက်ဆွေးနွေးခြင်းများ ပြုခဲ့ဖူးပါသလဲ ?( အဆိုပြုခြင်း /ကန့်ကွက်ခြင်းများကို ဆိုလိုသည်)

(၄) ရခိုင်အရေး တွင် လုပ်ပိုင်ခွင့် မရှိဆိုသော ဆင်ခြေကြောင့် အာဏာပိုင်းအရ ရခိုင်အရေးတွင် မရပ်တည်ခဲ့သောငြား လူမှုရေးအရ ရပ်တည်မှုရော ရှိခဲ့ဖူးပါသလား?

(၅) အခု လောလော လတ်လတ် လှုပ်ပြီးခဲ့သော ငလျှင်ဒဏ်ခံ ဒေသအတွက် ဘာတွေ ဆောင်ရွက်နေပါသလဲ?


ဟုတ်ကဲ့…………… နိုင်ငံရေး အမြင်ဖြင့် မပြောတတ်သောငြားလဲ လူမှုရေးအမြင်ဖြင့် ကိုယ်တိုင်မေးလို့ ကိုယ်တိုင်ဖြေ အကောင်းဆုံးဖြစ်နိုင်မယ့် အခြေအနေတစ်ခုကို စဉ်းစားမိပါသည်

အတွေး
========

ဒေါ်စုနေရာတွင် ကျွန်ုပ် ဖြစ်ခဲ့သော်…………………………..

ရခိုင်ဒေသ ပြန်လည် ထည်ထောင်ရေးနှင့် ငလျှင်ဒဏ်သင့် ဒေသနှင့် ပျက်ဆီးခဲ့သော ဘုရားစေတီများအတွက် နိုင်ငံရေးဘက်က လုပ်ဆောင်မှုတွေ မတတ်နိုင်ခဲ့သော ပြည်သူကို ချစ်သော ကျွန်ုပ်မေသစ်လွင် ((ဒေါ်စု နေရာတွက် မေသစ်လွင်ရောက်နေသည်)) တတ်သည့်ဘက် နိုင်သည့်အားဖြင့် တတ်နိုင်သလောက် ကြိုးပမ်း ကူညီပေးမည်…. အပြောမဟုတ်ပါ.. စိတ်ကူးဖြင့် သက်သေပြပါမည်….. NLD ပါတီတွင်းတွင် လူအင်အား ရှိသည်..ငွေအင်အားရှိသည်…

ဥပမာ.. ငလျှင်ဒဏ်သင့် စေတီ ဘုရားများ ရှင်းလင်းသန့်ရှင်းရေး။ ပြန်လည် မွမ်းမံရေးတွင် လူအင်အား စိုက်ထုတ် ကူညီဆောင်ရွက်သွားမည်…… လိုအပ်သော ငွေကြေးအခက်အခဲအတွက် ပါတီတွင်းမှ ငွေကြေးတောင့်တင်းသူ တစ်ချို့မှ မတည် ထည့်ဝင်ငွေဖြင့် အများစုပေါင်းက အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် လှူဒါန်းကူညီမယ်……..

ရခိုင်ဒေသကဲ့သို့ ငွေကြေးအမြောက်အများလိုအပ်နေသောနေရာတွင်………. အနုပညာရှင်များကဲ့သို့ စပွန်ဆာရှာပြီး ရန်ပုံငွေပွဲတစ်ပွဲ ဖန်တီးကာ ရလာသော အကျိုးအမြတ်ကို ရခိုင်ဒေသ လိုအပ်သောနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကာ အားငယ်နေသော ဒေသခံများကို အားပေးစကားပြောကြားမည်ဖြစ်သည်။

ရရှိလာနိုင်မည့်အကျိုးအမြတ်
=================

ကျွန်ုပ် လူထုခေါင်းဆောင်ကြီး ထိုကဲ့သို့ လုပ်ရပ်များအား စွမ်းစွမ်းတမံ ဆောင်ရွက်သွားခဲ့လျှင် ပြည်သူ့ လေးစားမှု / ပြည့်သူ အားကိုးမှုနှင့် ပြည်သူ့ ချစ်ခင်မှုကို ဆထက်တိုးလို့ ရရှိလိမ့်မှာ အမှန်မလွဲပါဘဲ
သို့ပါလျှင်.. မကြာခင်ရောက်ရှိတာတော့မည့်. ၂၀၁၅ ရွေးကောက်ပွဲအတွက် သီးသန့် မဲဆွယ်ပွဲများ ပြုလုပ်စရာမလိုပဲ လောကကြီးကပေးသော အခွင့်အရေးကို အသုံးချကာ ပြည်သူ့အချစ်တော် ဘွဲ့ကို ဆက်လက်ခံယူနိုင်ကာ…. ရွေးကောက်ပွဲ ရလဒ်အား ယပ်ခပ်ထိုင်စောင့်နေရမည်သာဖြစ်ပါသည်

ကွာခြားနေသောလက်တွေ့
===============

တကယ်တမ်း ကျွန်ုပ် ချစ်သလောက် ဒေါ်စု ချစ်ပုံမရပါ
ကျွန်ုပ် ၏ ပိစိညောင့်တောင့် အိုင်ဒီယာများနှင့် ဒေါ်စု၏ ကမ္ဘာနှင့် ချီသော အိုင်ဒီယာ တော်တော်လေးတော့ ကွာခြားနေပါသည်။ သို့သော် ဒေါ်စု၏ ရင်တွင်းဥ ထားသော အိုင်ဒီယာများကို ကျွန်ုပ် မသိရှိရပါ..ကျွန်ုပ်၏ တိုင်းပြည်အတွက် တစ်တပ်တစ်အား ကူညီချင်သော ဆန္ဒကတော့ အထက်ဆိုခဲ့ ပါအတိုင်းသာဖြစ်ပါသည်။ ကျွန်ုပ်၏ အမြင်တွင် ဒေါ်စုတစ်ယောက် ကျမတိုင်းပြည်ကို ချစ်ပါတယ်..ပြည်သူတွေကိုချစ်ပါတယ်ဟု ဆိုခြင်းဟာ။…. အိမ်မက်လိုလို…. ယုံတမ်းစကားလိုလိုနဲ့… ယုံရခက်နေပါသည်။ ပျိုပျိုမေ လည်လည်သွားမယ်.. မော်တော်ကားနဲ့ ရယ်ဆိုသလိုပဲ…. အလည်အပတ်တွေ များကာ.. အဓိကနှင့် သာမည ကိုရောထွေးနေပုံရသည်…. လူပုံအလယ် ဓါတ်ပုံရိုက်ကာ တာ့တာ ပြနေမည့် အစား လိုအပ်သည့်နေရတာတွင် စဉ်းစားအကြံဥာဏ်ထုတ်ကာ စွမ်းသလောက်ကူညီနေသင့်သည် ထင်မိပါသည်။

စာရေးသူ အာဘော်
==============
ကျွန်ုပ်တို့နိုင်ငံမှာ အပြောထက် လက်တွေ့ကျတဲ့အလုပ်တွေနဲ့ သက်သေပြနိုင်တဲ့သူတွေ အမှန်တကယ်လိုအပ်နေတာပါ။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်သလို ကျောက်တစ်ကျင်းနဲ့လမ်းခင်းမရဘူးဆိုတာဟုတ်ပါတယ်။ ဒါပေမဲ့ ကျောက်တစ်ကျင်းနဲ့ လမ်းပေါက်တော့ ဖာလို့ရပါသေးတယ်။လမ်းတစ်လမ်း အစအဆုံးဖြစ်ဖို့ ဘာမှမလုပ်ပဲထိုင်စောင့်နေမဲ့အစား ပေါက်နေတဲ့လမ်းပေါက်လေးတွေ ဖာပေးရင်းရော မကောင်းဘူးလား။ ဒါကြောင့် ဘယ်လောက်အတိုင်းအတာရောက်မှ ဘာတွေလုပ်ပြပါမယ်ဆိုတာထက် ရောက်နေတဲ့နေရာလေးကနေ တတ်နိုင်သလောက်စွမ်းဆောင်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်ုပ်အရမ်းကျေးဇူးတင်မိမှာပါ။ နောက်တစ်ခု- နိုင်ငံတော်က ဘယ်လောက်ကောင်းတဲ့လမ်းစဉ်တွေ ချပေးချပေး နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းမှာလဲ နိုင်ငံကြီးသားစိတ်ဓါတ်၊စည်းကမ်းစောင့်စည်းမှု၊တာဝန်သိတတ်မှုတွေ ရှိမှသာလျင် အဲဒိနိုင်ငံတော်ဟာ တိုးတက်မှာပါ။ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲတွေနဲ့ ဂဏန်းသွားသွားနေမဲ့အစား တိုးတက်ဖို့ကြိုးစားနေသူတိုင်းကို ကြိုဆိုကူညီဖို့လဲ လိုအပ်မယ်လို့ထင်ပါတယ်။ အရင်တုန်းက မှားခဲ့တဲ့အမှားတွေကို ဘယ်သူ့ကြောင့်၊ဘာကြောင့်လို့ လက်ညိုးထိုး ပြစ်တင်ကဲ့ရဲ့နေမဲ့အစား နောက်တစ်ကြိမ်ထပ်မမှားရအောင် တစ်ဦးနဲ့ တစ်ဦး လက်တွဲခေါ်ဆောင်ဖေးမလို့ လျှောက်လှမ်းသွားတာ အကောင်းဆုံးပဲမဟုတ်လား

 

 Myanmar Express 

12 comments:

ဒေါ်စုအနေဖြင့် မနှစ်ကဒီလိုအချိန် ဘာမှအလုပ်မလုပ်ရသေးခင်က လူကြိုက်များမူ့%နှင့် ဒီနှစ် အလုပ်နည်းနည်းစလုပ်လာရသောအခါ လူကြိုက်များမူ့% လျော့ကျသွားသည်ကိုတွေ့ရပေမည် ဤသည်မှာ ပြည်သူလူထု၏ ဒီမိုကရေစီမဆန်သော ပုဂ္ဂိယ်ရေးကိုးကွယ်မူ့၏ ရလာဘ်ပင်ဖြစ်သည် လူတစ်ယောက်ဘာလောက်လုပ်နိင်သည်ကိုမသိပဲ အပ်ရောရောကိုးကွယ်မူ့၏ရလာဘ်ပင်ဖြစ်သည် ဦးသိန်းစိန်ကိုရော ဒေါ်စုကိုပါ ပုဂ္ဂိုယ်ရေး ကိုးကွယ်စရာ မလိုပါ ဒါမှဒီမိုကရေစီစစ်စစ်ဖြစ်ပါမည်

မှန်ပါသည် ဒေါ်စု၏နှဖူး တည့်တည့်ကို။

Right,အစွန်းမရောက်ဖို့လိုတယ်

၏ကမ္ဘာပေါ်တွင် ရှိသောလူဦးရေ အားလုံး၏ ၈၀ ၉၀ % ကိုးကွယ်ခံရသော ဘုရား မရှိပါ ဘုရား ထက် ကိုးကွယ်ခံရမူ့% ပိုများနေလျင် အမှန် တရားမဖြစ်နိင်ပါ ရူးသွပ်ကြမူ့ကြောင့်သာ ဖြစ်မည် ကြာလေ အလုပ်လုပ်လေ အမှားတွေ များလာလေ % လျော့လေ ဖြစ်လာမည်

မှန်မှမှန် ပါဘုရား

မေသစ်လွင် ရေဒေါ်စု နဲ့နေရာခြင်းဘာလို့လဲချင်ရတာလဲ
ကွယ်...ဒေါ်စုနေရာကိုရောက်ရင် အိုဘားမားကအငန်းမရ
တင်းတင်းကြပ်ကြပ်ဖက်ပြီး အားပါးတရ တပြွတ်ပြွတ်နဲ့
စုပ်နမ်းတာခံရမှာနော်...သတိလည်းထားအုံး

oh may thit lwin,it's dangerous
if you are daw su,obama will rape you.

မိုက် လိုက် လေ င တုံး တွေ ။ က တုံး တွေ က တော့ ချစ် တုံး ဘဲ့ ငှဲ ငှဲ

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

အင်း..ဒေါ်စု..ဒေါ်စု...တော်တော်လည်းရယ်စရာကောင်း
တယ် ဘာရာထူး ဘာလုပ်ပိုင်ခွင့် ဘာအာဏာမှလည်းမရှိ
ဘဲနဲ့သာမန်လွှတ်တော်အမတ်လေး(၁၀တန်းမအောင်ရင်
တောင်လူတကာဖြစ်ခွင့်ရှိ)အဆင့်လောက်ကိုဒီလောက်
မာန်တက်ပြီးရူးနေလိုက်တာ ဒေါ်စန္ဒာခင်လိုဒုဝန်ကြီးအ
ဆင့်လောက်သာရရင်အပျော်တွေလွန် ဘဝင်တွေလေ
ဟပ်ပြီးသေများသွားမလားမပြောတတ်ပါဘူး သနားစရာ
တော့အကောင်းသား ဒုက္ခ ဒုက္ခ

Sout Paw... tan yar tan tar ma pyaw bu... tha taung sar, wae kyaw

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်