From : မြန်မာ့အလင်း
ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုဝင်ဘာ ၁၂ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် (၇၉/၂၀၁၂) ဖြင့် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် အဖွဲ့ဝင် ခုနှစ်ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီး၌ မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယိုဖိတ်လာသည့် ဓါတ်ဆီများအား ရွာသားအချို့ ခပ်ယူစဉ် မီးကူးစက် လောင်ကျွမ်း၍ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် အဖွဲ့၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာ ၂၃ ရက် နောက်ဆုံးထား၍ တိုက်ရိုက်တင်ပြ အစီရင်ခံရမည်ဖြစ်ကြောင်းသိရှိရသည်။
Myanmar Express

1 comments:
Static electricity from own body ignite low flashing point fuel and may have caused the catastrophic chain events. I assumed that no one was smoking there before explosion. The site should have been quarantined immediately at the time of accident from everyone except authorized personnel. We should learn from this tragic lost of lives and make sure people are well educated. Factors causing "lack of proper education" and "poor economy" for generations are to be blamed for. KEY WORD:EDUCATION.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်