Subscribe to our RSS Feed

ကုမ္ပဏီများကို ငွေလဲကောင်တာ လုပ်ခွင့်ပြုမည်

From :  ခေတ်လူငယ်


နိုင်ငံခြားငွေဈေးကွက် ဖွံ့ဖြိုးစေရန်အတွက် ဘဏ်မဟုတ်သည့် ကုမ္ပဏီများကို ငွေလဲကောင်တာ လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် လိုအပ်သော အချက်အလက်များ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် စီမံခန့်ခွဲမှုနှင့် နည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်က ပြောကြားသည်။ ငွေလဲကောင်တာလုပ်ငန်း လုပ်ကိုင်လိုသူများတွင် ရှိရမည့် အဓိကအချက်များကို ယခုနှစ် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း မျှတသည့် ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံခြားငွေကြေးဈေးကွက် တိုးတက်လာစေရန် ဘဏ်မဟုတ်သော ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလဆန်းမှ စတင်၍ ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေလဲကောင်တာများ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး အချက်အချာကျသည့် မြို့များနှင့် နိုင်ငံခြားသား ခရီးသည် အဝင်အထွက်များသည့် မြို့တော်များတွင် ငွေလဲကောင်တာ ၉၃ ခု လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
 
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်