Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် ( ၂၁ ) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် ( ၂၁ ) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်သို့ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ရောက် ရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ ဦးကျော်လွင်၊ ဒေါက်တာမြင့်အောင်နှင့် ဦးဌေးအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mrs. Tuot Kunthea  တို့က နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင်  အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဒေါ်စန္ဒာခင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်