Subscribe to our RSS Feed

အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံအား လွှဲပြောင်းပေးအပ်

From : mrtv4

ဘရူနိုင်း ဒါရူဆလမ် နိုင်ငံဟာ အလှည့်ကျ အာဆီယံ ဥက္ကအဖြစ် တရားဝင် လွှဲအပ်ခံရပြီး  ၂၂ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို
အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရတော့မှာဖြစ်ကြောင်း သိရပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းပေးအပ်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ ၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပြီး ဘရူနိုင်းစော်ဘွားက လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ်  Hun Sen က ၂၀၁၂ခုနှစ်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားမှုကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားမှာ ဘရူနိုင်းစော်ဘွားက မိန့်ခွန်းပြောကြားရာမှာ အာဆီယံအစိုးရ အဖွဲ့ဝင် ခေါင်းဆောင်များကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ ဘရူနိုင်းဒါရူဆလမ် နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၃အာဆီယံ ထိပ်သီး ညီလာခံအတွက် ခေါင်းစဉ်ကတော့ Our People, Our Future Together ဖြစ်ပါတယ်။  အာဆီယံအဖွဲ့ကို ၁၉၆၇ခုနှစ်၊ သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၁၀နိုင်ငံရှိကြောင်း သိရပါတယ်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်