Subscribe to our RSS Feed

အိုဘားမားရဲ့ `ရိုဟင်ဂျာ´ အသုံးအနှုန်းကို ရခိုင်အမျိုးသားကွန်ယက်ကန့်ကွက်

From :  Yangon Press International



ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ `ရိုဟင်ဂျာ´ဆိုတဲ့အသုံးအနှုန်းကိုသုံးသွားတာကြောင့် များစွာမှ စိတ်ပျက်ဝမ်းနည်းမိပြီး စိုးရိမ်စရာလည်းဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ယက်က ပြောဆိုလိုက်ပါတယ်။

ကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က ` ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးက သမ္မတက `ရိုဟင်ဂျာ´ လို့သုံးသွားတာဟာ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်´ လို့ ပြောပါတယ်။

ရခိုင်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ လူမျိုး၊ ဘာသာပြဿနာမဟုတ်ဘဲ လူ့ယဉ်ကျေးကမ္ဘာမှာနေထိုင်တဲ့သူတွေ အကြမ်းဖက်ခံရတာဖြစ်ပါတယ်လို့လည်းသူက ဆိုပါတယ်။
ယနေ့ နေ့လည်မှာ ရန်ကုန်မြို့က၎င်းကွန်ယက်ရုံးခန်းမှာ သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။


ရှင်းလင်းပြောကြားနေသော ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ဦးတင်ထူးအောင်

`ရိုဟင်ဂျာတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ ဂုဏ်သိက္ခာရှိစွာနေနိုင်ကြရပါမယ်….

`ဘာလူမျိုးဖြစ်နေလို့၊ ဘယ်နေရာကနေရောက်လာလို့ဆိုတဲ့ အကြောင်းတစ်ခုတည်းနဲ့ပဲ အိမ်တွေမီးရှို့ခံရမှာ၊ မိသားစုတွေ အန္တရာယ်ပြုခံရမှာကို စိုးရိမ်ဖို့မလိုဘဲ နေထိုင်ခွင့်ရှိရပါမယ်´ လို့ အိုဘားမားက မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ရခိုင်အမျိုးသားကွန်ယက် ဒု-ဥက္ကဌ ဦးကျော်ဝင်းချေက ` တိုင်းရင်းသားဆိုတာ ဖန်တီးလို့ရတဲ့အရာမဟုတ်ပါဘူး´ လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ သမ္မတအိုဘားမားရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေနဲ့ မြန်မာနိုင်ငံပေါ်ထားရှိမူဝါဒတွေကို ကြိုက်နှစ်သက်ပြီး အငြင်းပွားစရာမရှိသော်လည်း `ရိုဟင်ဂျာ´ ဆိုတဲ့အသုံးအနှုန်းကိုတော့ လက်မခံဘဲ အိုဘားမားဆီကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။            ။
Myanmar Express 

6 comments:

အဲဒီ့အိတ်ဖွင့်ဖွင့်ပိတ်ပိတ်စာမြန်မြန်ပေးရမယ်

အဖေကလည်းကျီးကန်း အမေကလည်း ကျီးကန်း
သားသမီးတွေကြတော့ ဒေါင်းငှက်ပါလို့ပြောတာ
လက်ခံတဲ့သူဟာ ရူးလို့ ။ Obama လည်း စောက်ရူး
ပေါ့ ။

ရခိုင်အရေးဟာ မြန်မာနိုင်ငံရဲ့အရေးပါပဲ တိုင်းရင်းသားအားလုံးစည်းလုံးညီညွှတ်ကြောင်းပြသရမဲ့အခွင့်အရေးမို့ အားလုံးပါဝင်ဆောင်ရွှက်ကြပါ။

All Myanmar government , President U Thein Sein , all parties in Myanmar , all Myanmar people and all Rakhine people must protest Obama about his Rohingya word in Yangon University.

All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .

Obama insult our President U Thein Sein , all Myanmar people and all Rakhine people because he used Rohingya word in Yangon University.

He should only use illegal Bangalis instead of Rohingya word. World pro rohingya organizations in USA , UK and World and OIC support Obama. So All Myanmar government , President U Thein Sein , all parties in Myanmar , all Myanmar people and all Rakhine people must protest Obama about his Rohingya word in Yangon University.

Myanmar government , Myanmar people and Rakhine people don’t need to respect human rights of Bangalis and Myanmar muslims in Myanmar because they ( Bangalis and Myanmar Muslims ) don’t respect Myanmar people and Rakhine people human rights ( 90 % Bangalis kill , rape , burn all Rakhine people and Myanmar people in Rakhine state and Myanmar ).




မှန်လိုက်လေဗျာ

ကိုယ်သာကောင်းရင်အားလုံးပါဝင်မှာသေချာတယ်။။။။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်