Subscribe to our RSS Feed

ကမ္ဘာပေါ်တွင် အမြန်ဆုံး အင်တာနက်လိုင်း ရရှိသူ

From :  Techspace


ကမ္ဘာ့ အမြန်ဆုံး အင်တာနက်လိုင်းရရှိသူကတော့ Sigbritt Löthberg အမည်ရ အသက် ၇၅ နှစ်အရွယ် ဆွီဒင် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ သူ့အိမ်မှာ တပ်ဆင်ထားတဲ့ အင်တာနက် လိုင်းက တစ်စက္ကန့်ကို 40Gbs အထိ လိုင်းစွဲအားများပါတယ်။ ဒါကြောင့် Full HD ဗားရှင်း ဗီဒီယို ဖိုင်တစ်ဖိုင် ကို Download ဆွဲဖို့ ၂ စက္ကန့် သာ ကြာပါတယ်။ HDTV channel အခု ၁၅၀၀ ကိုလည်း တစ်ပြိုင်နက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက်ရရှိတဲ့ အင်တာနက် လိုင်းစွဲအားထက် အဆပေါင်း များစွာသာလွန်နေတာ ဖြစ်ပါတယ်။ ဒီလို အင်တာနက် လိုင်းမြန်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူ့သား Peter Löthberg ဟာ အင်တာနက် geek တစ်ဦး ဖြစ်ပြီး နောက် တစ်ယောက် Karlstad Stadsnät ကလည်း ဒေသတွင်း Network ကောင်စီမှာ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အင်တာနက်လိုင်း မြန်မြန်ဆန်ဆန် ရရှိရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်ပါတယ်။ ယခု Sigbritt အမေအတွက် ဖန်တီးပေးထားတဲ့ အင်တာနက်လိုင်းက စံပြ တစ်ခု ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ဒီလို လိုင်း ဖြစ်အောင် ပြု လုပ် ပေးဖို့လည်း ကြိုးစားနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express 

8 comments:

ကံကောင်းလိုက်တာ အဘွားရယ်.... (!_!)

မယုံပါဘူး ကိုယ်တွေ့မှမဟုတ်တာ

ဟုတ်တယ် ဆွီဒင် မှာ ph နဲ့ 3G သုံး ရင် ၁စက္ကန့် ကို ၇.၅ MB ရ တယ်။ ၂၄နာရီ မှ 2 Euro လောက် ပဲ ကျ တာ။ အရမ်း မိုက် တယ်။ မြန်မာ နိုင် ငံ လဲ အမြန် တိုးတက် ရင် ကောင်းမယ်

ဒို့ဆီနဲ့တော့တခြားစီ

စားချင်တာကိုပြောတာလားကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်