Subscribe to our RSS Feed

ပြည်ပဘဏ် လုပ်ငန်းများ ခွင့်ပြုပါက JV စနစ်ဖြင့်သာ ပထမဆုံး စတင်ခွင့်ပြု သွားရန်ရှိ

From : mrtv4


ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်ပ ဘဏ်များကို မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းများ လာရောက် လုပ်ကိုင် ခွင့်ပြုပါက JV စနစ်ဖြင့်သာ
ပထမဦးဆုံး ခွင့်ပြုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ JV စနစ်ဟာ ပြည်တွင်း ပြည်ပ ဘဏ်လုပ်ငန်းများ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ စနစ် ဖြစ်ပါတယ်။ ဒီလို ပထမအဆင့်မှာ JV စနစ်နဲ့ ခွင့်ပြုဖို့ စီစဉ်ရတာ ကတော့ ပြည်တွင်းရှိ ဘဏ်တွေနဲ့ နိုင်ငံခြား ဘဏ်တွေရဲ့ ဘဏ်လုပ်ငန်း အပေါ် မတည် ရင်းနှီးငွေဟာ မတူညီတဲ့ အတွက် ပြည်တွင်းရဲ့ ဘဏ်တွေကို ကာကွယ်ပေးတဲ့ အနေနဲ့ နိုင်ငံခြား ဘဏ်တွေကို တိုက်ရိုက် လုပ်ကိုင်ခွင့် မပြုတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း မှာတော့ ဒုတိယ အဆင့် အနေနဲ့ ပြည်တွင်းသို့ လာရောက်ပြီး ရာနှုန်းပြည့် ဘဏ်လုပ်ငန်း တည်ထောင် ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တတိယ အဆင့် မှာတော့ ပြည်တွင်းမှာ ဘဏ်ခွဲ တွေကို ဖွင့်ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် အတွင်း ပြည်တွင်းမှာ ပြည်ပ ရင်းနှီးမှုတွေ အတွက် အရေးပါတဲ့ Foreign Exchange Management Law နဲ့ Foreign Investment Law တို့ကို ပြဌာန်း လိုက်ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေ အရ နိုင်ငံခြားဘဏ် လုပ်ငန်း တွေလည်း မကြာခင် အချိန်မှာ လာရောက် ရင်းနှီး မြှုပ်နှံတော့မှာ ဖြစ်တဲ့ အတွက် ပြည်တွင်းရှိ ဘဏ်များဟာ နိုင်ငံခြား ဘဏ်တွေနဲ့ ယှဉ်ပြိုင် လုပ်ကိုင်နိုင်ဖို့ ကိုလည်း အသိပညာပေး ဆွေးနွေးပွဲများ သက်ဆိုင်ရာမှ စတင်ပြုလုပ် ပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်