Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်

From :သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂ဝ

(၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ (၅) နာရီ မိနစ်(၄ဝ) တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Nuon Srey Hall ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်သည်။

ထိပ်သီးအစည်းအဝေးပိတ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အတွင်းရေးမှူးချုပ်အား အမှတ်တရ လက်ဆောင်ကို ပေးအပ်သည်။

အခမ်းအနားတွင် အာဆီယံ ဗီဒီယိုမှတ်တမ်းကို ပြသပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က မိန့်ခွန်းပြောကြားသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ၂ဝ၁၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်ထံ တာဝန်လွှဲပြောင်း ပေးအပ်သည်။

ဆက်လက်၍ ဘရူနိုင်းဒါရုဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ ၂ဝ၁၃ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောက်ရွက်မည့် မှတ်တမ်းများကို ဗွီဒီယိုဖြင့်ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်