Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းရေးမှူး ဒေါက်တာနိုလင်းဟေဇာအား လက်ခံတွေ့ဆုံ

From : သမ္မတရုံး



နေပြည်တော် နိုဝင်ဘာ(၁၇)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင်အမှုဆောင် အတွင်းရေးမှူးဒေါက်တာနိုလင်းဟေဇာအား ဒေသစံတော်ချိန် ညနေ(၄)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ  Hotel Cambodiana ၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ   ပြည်ထောင်စုဝန်ကြီး ဦးဝဏမောင်လွင် ၊ ဦးတင်နိုင်သိန်း ၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ စင်္ကာပူနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများနှင့် ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်မှုများကို လာရောက်လေ့လာနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် မြန်မာလေ့လာရေး ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ခေါ်မှု၊ လူငယ် စီးပွားရေးလုပ်ငန်းရှင်(၁ဝဝ) ခန့်ကို အိုင်တီနည်းပညာနှင့်ပတ်သက်၍ သင်တန်းပို့ချ လေ့ကျင့်ပေးမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ  တာဝန်ယူကျင်းပသည့် အချိန်တွင် အစည်းအဝေးများ စနစ်တကျ စီမံခန့်ခွဲကျင်းပနိုင်ရေး လိုအပ်သည်များ ကူညီပေးနိုင်ရေးနှင့် ၂ဝ၁၃ခုနှစ် ဧပြီလကုန် မေလဆန်း တွင် အက်စကက်မှ ကျင်းပမည့်ကွန်ဖရင့်သို့ နိုင်ငံတော်သမ္မတကြီး အနေဖြင့် တက်ရောက် မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြားခြင်းနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွှေခဲ့ကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်