Subscribe to our RSS Feed

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေခြင်း

From : မောင်ဝါဆို


အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ယင်းနှင့်အပြိုင်
အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြန်မာ့ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်းတစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်
းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့
ပါသည်။သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်လုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း တရားဝင်အကြောင်းကြား ညှိနိုင်းဝင်လာခြင်းလား သို့မဟုတ် Base Line ပြဿနာ အခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်းလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို အနီးတစ်ဝိုက်တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ်ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်ပါသည်။
 

 Myanmar Express 

16 comments:

Don't try to poke US navy. They will make you homos disappear in a click.

အင်း---ခရီးစဉ်ကိုတော့အကြောင်းပြုပြီး

မရှင်း မရှင်း မလူပ်ပါနဲ့ တရားဝင် အကြောင်းကြား ပြီမှ
ရောက်လာတယ် ဆိုရင်တော့ No problem ပါ။

မရှင်း မရှင်း မလူပ်ပါနဲ့ တရားဝင် အကြောင်းကြား ပြီမှ
ရောက်လာတယ် ဆိုရင်တော့ No problem ပါ။

တိ ကျ လို က် တာ

ချစ်ကြည်ရေးခရီးစဉ် အမှတ်တရ လက်ဆောင်ပေးမလို့ထင်တယ်။

ဒါကတော့ရှင်းပါတယ်သူ့နိုင်ငံ

ခေါင်းဆောင်လုံခြုံရေးအတွက်ပါ

ပြည်ပရောက်နေတဲ့ကို့နိုင်ငံသားတွေ

ပြသနာတက်လာရင်ကို့အစိုးရကကေါ

အဲဒီလိုတာဝန်ယူနိုင်ပါ့မလား?

အချောင်အလကားလိုချင်တဲ့စိတ်ဓာတ်တွေ
ဖျောက်ကွ

ဘာမှ့မဟုတ်ဘူး အိုဘားမား မြန်မာတွေကို ကျွတ်နေတာ
မလာရဲးဘူးတယောက်ထဲ အဲ့ဒါကြောင့် တပ်ရန်ပြီးလာတာ

ဲမြန်မာပြည်သူတွေကအမေရိကန်ဆိုတာနဲ့အကုန်welcome ပဲလေ...နောက်ဆိုရင်တော့မြန်မာရေတပ်လည်းအမေရိကန်ရေတပ်ကဖင်လိုးတာခံလိုက်လေကွာ....ကိုမင်းအောင်လှိုင်လည်းအချိန်တန်တော့ US ဂွေးစုပ်ရတာပဲ.....မြန်မာကလည်းအမေရိကန်မှကြိုက်တာ....အချိုရည်ချင်းတူတာတောင်PEPSI,COCACOLA သောက်မှပဲလူဖြစ်ရကျိုးနပ်သလိုဖြစ်နေကြတာပဲ....

လာ ခြင် သ လို လာ သိပ် စဉ်း စား မ နေ နဲ့

မင်းကိုကြောက်လို့နေမှာပေါ့ကွာ

ကောင်းပါတယ်

ဘယ်ကောင်လာလာ ဂရုမစိုက်ဘူး လာတဲ့ဟာအားလုံးတွယ်လွှတ် လိုက်မယ် သိတယ်မလား

မင်းတော့သေပြီနွှားရေ မင်းရေတပ်ကိုဖဲ့တာနည်းနည်းများသွားပြီ မင်းအသွားအလာဆင်ခြင်တော့ ဟိုကငြိမ်ခံနေမှာမဟုတ်ဘူး

no way.the government who kill their own people will never take care our citizens lives, that is 100% sure.but they will cover poke chinese people because chinese people are more important than Budha for poke government rulers today.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်