Subscribe to our RSS Feed

လက်နက်အပြည့်အစုံပါသည့် ကားတစ်စီးအား သောင်းရင်းမြစ်၌ ဖမ်းဆီးမိ

From : မြစ်မခ

 AK မောင်းပြန်ရိုင်ဖယ် အမျိုးအစား (၁၀)လက်နှင့် ကျည်ဆံမျိုးစုံ တစ်သိန်းပါဝင်သည့်  မော်တော်ယာဉ် တစ်စီးအား ထိုင်း- မြန်မာနယ်စပ် မဲဆောက်အနီးရှိ ကုန်းကင်းရွာအနီး၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်အာဏာ ပိုင်များထံက သိရှိရသည်။
" မယ့်ကုန်ကင်းနားမှာ  စနေနေ့ညနေက ဖမ်းမိတာ။သောင်းရစ်မြစ်မှာ တစ်ဖက်ကမ်းကူးဖို့ လုပ်နေတဲ့ သူကို လှမ်းခေါ်လိုက်တော့ ဘာမှန်းမသိဘူး ထွက်ပြေးသွား တယ်။ အဲဒါနဲ့ ကျန်ခဲ့တဲ့ ကားကို မသင်္ကာလို့ စစ်ကြည့် တော့ လက်နက်ခဲယမ်းတွေ့ရတယ်။ ဖမ်းမိတယ်" ဟု ထိုင်းနယ်စပ် ထောက်လှမ်းရေးတစ်ဦးက ပြောသည်။
ဖမ်းဆီးရရှိခဲ့သော လက်နက်ခဲယမ်းများမှာ  AK စက်သေနတ် ၁၀ လက်၊ ၆၀ မမ တစ်လက်နှင့် ကျည်ဆံမျိုးစုံ တွေ့ရှိရပြီး အဆိုပါ လက်နက်ခဲယမ်းများသည် မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းကို ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
လက်နက်ခဲယမ်းများ သယ်ဆောင်လာသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း လက်နက်များ ဖမ်းဆီး ရရှိခဲ့သည့် ချောင်း (သောင်းရင်းမြစ်)တစ်ဖက်ကမ်းတွင် DKBA တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်မှ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားသည့် BGF တပ်ရင်း တစ်ထောင်ကျော်ရှိကြောင်း သိရ သည်။
အဆိုပါဖမ်းဆီးရရှိမူကို နိုဝင်ဘာလ(၃)ရက်နေ့ ညနေ့ပိုင်း၌ ထိုင်း-မြန်မာနယ်စပ် (မဲဆောက်နှင့် ၁၅ ကီလို မီတာကွာဝေးသည့် )ကုန်းကင်းရွာအနီး၌  မော်တော်ယာဉ် မောင်းနှင်းလာသူတစ်ဦးအား မသင်္ကာ၍ ခေါ်ယူ မေးမြန်းခဲ့ရာမှ ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသအသီးသီးမှ လက်နက်ခဲယမ်းများ ၀င်ရောက်မှုများရှိနေခြင်းများကြောင့်   နှစ်နိုင်ငံအစိုးရအနေဖြင့် နယ်စပ်ဒေသရှိ အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းကာ ဖမ်းဆီးအရေးယူမူများ ရှိသော်လည်း လက်နက်ခဲယမ်းများမှာ အကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်လက်ရှိကြောင်း ကရင်ပြည်နယ် ဒေသခံများထံက သိရှိရသည်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်