Subscribe to our RSS Feed

ရိုဟင်ဂျာလို့ ထည့်ပြောသွားတဲ့ အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်

From : Arkran Thein


မြန်မာနိုင်ငံကို တရက် လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရတ်စ် အိုဘားမားသည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ပြီး တခြား ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ၅ဦး
တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် ပထမဆုံးသော အမေရိကန် သမ္မတ တစ်ဦး၏ မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း မိန့်ခွန်းပြောကြားရာ အခမ်းအနားကို တက်ရောက်သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။

“ မိန့်ခွန်း တခုလုံးကို ယေဘုယအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေ ဘုယအားဖြင့် သွားနေတဲ့ လမ်းကြောင်း ကောင်းမွန်စေဖို့၊ နောက်ပြန် မလှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြောသွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာလည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။

သမ္မတ အိုဘားမားသည် နေ့လည် ၂နာရီ ၄၀ မိနစ် အချိန်မှ ၃နာရီ ၁၀မိနစ်အထိ နာရီခွဲကြာကြာ ရန်ကုန် တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ် ဦးဦးလှစောက သူ့အမြင်ကို ယခုလို နိရဉ္စရာသို့ ပြောသည်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့် ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြောသွားတာ တွေ့ရပါတယ်။ ပြီးတော့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။ သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စရာ အကြောင်းမရှိပါ။ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူတရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မကြိုက်ပါ” ဟု ဆိုသည်။

အမေရိကန် သမ္မတအိုဘားမားသည် နံနက် ၉နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။

ယခု အိုဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံ အတွက် အကျိုးရှိသော ခရီးစဉ် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဥပမာ များအားလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

“ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ ခရီးစဉ်တခုပါ။ သူ့ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အမေရိကန်အနေနဲ့လည်း နောက်ကနေ ပံ့ပိုး အကူ အညီ ပေးသွားမယ်လို့ ပြောသွားတာဟာ တော်တော့ကို ကောင်းပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။ ထိရောက်တဲ့ စကား တခုကတော့ အာဏာ ပါဝါဆိုတာ ပြည်သူတွေဆီမှာပဲရှိတယ်လို့ ပြောပါတယ်။ သမ္မတဆိုတာဟာလည်း ပြည်သူတွေက ရွေးချယ်ပြီး ပေါက်ဖွားလာတာလို့ သူက ပြောပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်မှ အင်းအားကောင်းတဲ့ စစ်တပ်ရှိတယ်။ အဲဒီ စစ်တပ်ဟာ ပြည်သူတွေက ရွေးချယ်ထားတဲ့ သမ္မတရဲ့ အောက်မှာပဲ ရှိတယ်လို့ ဥပမာတွေ ပေးပြီး ပြောသွားတာကို တွေ့ရပါတယ်။”

အိုဘားမားနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်လည်း လိုက်ပါလာပြီး ၎င်းတို့ အဖွဲ့သည် ညနေ ၃နာရီ ၃၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီယားနိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။


Myanmar Express 

14 comments:

https://www.youtube.com/watch?feature=player_detailpage&v=IpeTUq35YvQ

https://www.youtube.com/watch?feature=player_detailpage&v=jYj8L9Mx7d8

https://www.youtube.com/watch?feature=player_detailpage&v=_VrPcDbouUg

https://www.youtube.com/watch?feature=player_detailpage&v=rz0mKgAXcig

All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .

Obama insult our President U Thein Sein , all Myanmar people and all Rakhine people because he used Rohingya word in Yangon University.

He should only use illegal Bangalis instead of Rohingya word. OIC support Obama. So All Myanmar people must protest Obama about his Rohingya word in Yangon University.

Myanmar government , Myanmar people and Rakhine people don’t need to respect human rights of Bangalis and Myanmar muslims in Myanmar because they ( Bangalis and Myanmar Muslims ) don’t respect Myanmar people and Rakhine people human rights ( 90 % Bangalis kill , rape , burn all Rakhine people and Myanmar people in Rakhine state and Myanmar ).





ရိုဟင်ဂျာဆိုတဲ့အသုံးအနှံးကိုမြန်မာနိုင်ငံတိုင်းရင်းသား အားလူံးကလည်းမကျိုက်ပါူ

http://www.youtube.com/watch?feature=player_detailpage&v=ImPV0QWEON4

ဦးဦးလှစော ပြောတာ မှန်ပါတယ်။အဲဒီ အိုဘားမား ဆိုတဲ့
သမတ္တကလည် ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး ဆိုတာ
ကောင်းကောင်း နားမလည် ဘူးနဲ့ တူတယ်။

နိုင်ငံရေးအကြောင်း နားမလည်ပါ ဒါပေမယ့် ပြောချင်တာ
လေး ပြောပါရစေ။
အိုဘားမား
ရိုဟင်ဂျာ ဆိုတာ မရှိပါ။လူ့အခွင့် အရေး ဆိုတာလည်း
လူပီသအောင် နေထိုင်မှ ရမှာပါ။ဘင်္ဂလီတွေ လူ့အခွင့်
အရေး ဆုံးရှုံးနေတယ် ဆိုရင် ခေါ်သွားပြီး လူ့အခွင့်အရေး
အပြည့် ပေးလိုက်ပါ။
မြန်မာနိုင်ငံမှာ နေမယ်ဆိုရင် မြန်မာတိုင်းရင်းသား တွေကို
လေးစားပါ အေးအေးစေးစေးနေပါ နိုင်ငံသား တွေကိုမစော်ကား ပါနဲ့ နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေ ကို
လေးစား လိုက်နာပါ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့
ကြိုက်တဲ့ နေရာကို go လိုက်ပါ။

ဖတ်လို့ကောင်းပါတယ် ကျေးဇူးတင်ပါတယ်။

I strongly agree with you.
He seems to favor that illegal so called rogingya kalar.

I agree with you.
If they cannot agree with our rukes get out .

fuck all yakhee
u know he is the president of america
he knew more than u and all fucking yakhees
do not bark as a dog
and i wonna request the myanmar express
pls show my comment

u u hla saw really looks like a bingali from dhaka
please check his id
he may bingali

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်